Local News

ကုလားပဲမျိူစုံ အရောင်းအဝယ်သွက်နေ

Last Updated:

ဒီဇင်ဘာလတတိယပတ်တွင်မန္တလေးကုန်စည်ဒိုင်၌ပြည်တွင်းသုံးပဲဖြစ်သည့်ကုလားပဲမျိုးစုံမှာပြည်တွင်းပဲခွဲစက်များမှဝယ်ယူမှုများလာသည့်အတွက်လက်ကျန်နည်းပြီးအရောင်းအဝယ်သွက်နေကြောင်း သိရသည်။

ကုလားပဲ(V2) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၃၇၀၀၀ ကျပ်၊ ယခင်တစ်ပတ် ကျပ် ၂၃၂၀၀၀ မှ ၂၃၃၀၀၀ ၊ ယခင်လ ၂၃၈၀၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်ထက်  ကျပ် ၅၀၀၀ မှ ၆၀၀၀ခန့် ဈေးမြင့်လာပြီး၊ ယခင်လထက် ၁၀၀၀ ကျပ် ခန့်  ဈေးနိမ့်လာသည်။

ကုလားပဲ(V7) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၂၅၀၀၀ ကျပ်၊ ယခင်တစ်ပတ် ကျပ် ၂၂၀၀၀၀ မှ ၂၂၂၀၀၀၊ ယခင်လ ၂၂၅၀၀၀ ကျပ် ဖြစ်သည်။ ယခင် တစ်ပတ်ထက် ကျပ် ၃၀၀၀ မှ ၅၀၀၀ ခန့်ဈေးမြင့်တက်လာပြီး၊ယခင်လ အတိုင်း ဈေးငြိမ်လျက် ရှိသည်။

ကုလားပဲ(ထိုင်ဝမ်) ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၂၀၀၀၀ မှ ၂၂၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၂၀၀၀၀ မှ ၂၂၃၀၀၀၊ ယခင်လ ၂၂၈၀၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စဈေးငြိမ်နေပြီး၊ အမြင့်စ ၂၀၀၀ ကျပ်ခန့်ဈေးမြင့်လာကာ ၊  ယခင်လထက် ကျပ် ၃၀၀၀ မှ ၈၀၀၀ ခန့် ဈေးနိမ့်လာသည်။

ကုလားပဲ(၉၂၉) ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၃၆၀၀၀ မှ ၂၃၈၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၃၀၀၀၀မှ ၂၃၂၀၀၀၊ ယခင်လ ကျပ် ၂၃၇၀၀၀ မှ ၂၃၈၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၆၀၀၀ ကျပ်ခန့်ဈေးမြင့်လာကာ၊ ယခင်လထက် အနိမ့်စ ၁၀၀၀ ကျပ် ခန့် ဈေးမြင့်လာပြီး အမြင့်စ ဈေးငြိမ်လျက်ရှိသည်။

Category: Local News