Local News

မန္တလေးကုန်စည်ဒိုင်တွင်ထောပတ်ပဲအဝယ်သွက်၍ဈေးမြင့်လာ

Last Updated:

စက်တင်ဘာလဒုတိယပတ်အတွင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင်ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိရာထောပတ်ပဲ အရောင်းအဝယ်သွက်၍ဈေးမြင့်တက်လာကြောင်းသိရသည်။ပြည်တွင်းကုန်သည်များဝယ်ယူမှုရှိသည့်အပြင်တရုတ် ဝယ်လက်မှလည်းဝယ်လိုအားကောင်းခြင်းတို့ကြောင့်ထောပတ်ပဲ၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်အနိမ့်ဆုံး ကျပ်၁၀၀၀၀မှအမြင့်ဆုံးကျပ်၃၀၀၀၀ထိဈေးမြင့်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ထောပတ်ပဲ(ကြီး)၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၈၅၀၀၀မှ၃၉၀၀၀၀၊ယခင်တစ်ပတ်ကျပ် ၃၇၀၀၀၀မှ၃၈၀၀၀၀၊ယခင်လကျပ်၃၆၀၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀၀၀မှ၁၅၀၀၀၊ယခင်လထက် ကျပ်၂၅၀၀၀မှ၃၀၀၀၀မြင့်တက်လာသည်။

ထောပတ်ပဲ(လတ်)၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၇၅၀၀၀မှ၃၈၀၀၀၀၊ယခင်တစ်ပတ် ကျပ်၃၆၀၀၀၀မှ၃၆၅၀၀၀၊ယခင်လကျပ်၃၅၀၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၅၀၀၀၊ယခင်လကျပ်၂၅၀၀၀ မှ၃၀၀၀၀မြင့်တက်လာသည်။

ထောပတ်ပဲ(သေး)၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၆၅၀၀၀မှ၃၇၀၀၀၀၊ယခင်တစ်ပတ် ကျပ်၃၅၀၀၀၀မှ၃၆၀၀၀၀၊ယခင်လကျပ်၃၄၅၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀၀၀မှ၁၅၀၀၀၊ယခင်လ ထက်ကျပ်၂၀၀၀၀မှ၂၅၀၀၀မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News