အောက်တိုဘာလတတိယပတ်တွင်မန္တလေးကုန်စည်ဒိုင်၌ပဲစင်းငုံနီမှာလက်ကျန်နည်းနေပြီးအရောင်းအဝယ်သွက်လာကြောင်း၊ပဲတီစိမ်းမှာဆောင်းသီးနှံစိုက်ပျိုးချိန်အတွက်မျိုးပဲများအရောင်းအဝယ်ပုံမှန်ရှိနေကြောင်းသိရသည်။
ပဲစင်းငုံနီ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၃၇၀၀၀ မှ ၂၃၈၀၀၀ ၊ ယခင်တစ်ပတ် ၂၄၃၀၀၀ကျပ်၊ ယခင်လ ၂၃၅၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ မှ ၆၀၀၀ ခန့်ဈေးနိမ့်လာပြီး၊ ယခင်လထက် ကျပ် ၂၀၀၀ မှ ၃၀၀၀ ခန့်ဈေးမြင့်လာသည်။
ပဲတီစိမ်း (ညာ) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၂၅၀၀၀ မှ ၃၄၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၁၅၀၀၀ မှ ၃၄၀၀၀၀၊ ယခင်လ ကျပ် ၂၈၀၀၀၀ မှ ၃၁၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀၀၀ကျပ် ခန့်ဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ် ၂၅၀၀၀ မှ ၄၅၀၀၀ ခန့် ဈေးမြင့်လာသည်။