အောက်တိုဘာလတတိယပတ်တွင်မန္တလေးကုန်စည်ဒိုင်၌ပဲဖတ်ဈေးနှုန်းတက်ပြီးအရောင်းအဝယ်သွက်လာသည်နှင့်အမျှမြေပဲဆီဆန်မှာလည်းအရောင်းအဝယ်သွက်လာကြောင်းသိရသည်။
မြေပဲဆန်နှင့် ဆီကြိတ်ဖတ်ဈေးနှုန်းများမှာ-
မြေပဲဆန် (S1 လုံးဆံ)၁ပိဿာလျှင်ယခုတစ်ပတ်ကျပ်၇၈၀၀မှ၈၅၀၀၊ယခင်တစ်ပတ်ကျပ်၇၇၀၀မှ၈၀၀၀၊ယခင်လကျပ်၇၅၀၀မှ၈၃၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀မှ၅၀၀ခန့်ဈေးမြင့်လာပီး၊ယခင်လထက်ကျပ်၂၀၀မှ၃၀၀ခန့် ဈေးမြင့်လာသည်။
မြေပဲဆန် (S1ဆီဆံ) ၁ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၂၀၀ မှ ၇၆၅၀၊ ယခင်တစ်ပတ်
ကျပ် ၇၀၀၀ မှ ၇၅၅၀၊ ယခင်လ ကျပ် ၆၉၀၀ မှ ၇၇၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မှ ၂၀၀ ခန့်ဈေးမြင့်လာပီး၊ ယခင်လထက် ကျပ် ၅၀ မှ ၃၀၀ ခန့် ဈေးမြင့်လာသည်။
မြေပဲဆန် (အနီလုံးဆံ) ၁ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၆၀၀ မှ ၈၂၀၀၊ ယခင်တစ်ပတ် ကျပ် ၇၀၀၀ မှ ၇၈၀၀၊ ယခင်လ ကျပ် ၇၃၀၀ မှ ၇၅၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၄၀၀ မှ ၆၀၀ ခန့်ဈေးမြင့်လာပီး၊ ယခင်လထက် ကျပ် ၃၀၀ မှ ၇၀၀ ခန့် ဈေးမြင့်လာသည်။
ပဲဖက် ၁ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၅၄၀၀ မှ ၅၄၅၀၊ ယခင်တစ်ပတ် ကျပ် ၅၂၅၀ မှ ၅၃၅၀၊ ယခင်လ ကျပ် ၅၇၅၀ မှ ၅၈၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မှ ၁၅၀ ခန့် ဈေးမြင့်လာပီး၊ ယခင်လထက် ၃၅၀ ကျပ် ခန့်ဈေးနိမ့်လာသည်။
နှမ်းဖက် ၁ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၃၄၀၀ မှ ၃၅၀၀၊ ယခင်တစ်ပတ် ကျပ် ၃၂၀၀ မှ ၃၃၅၀၊ ယခင်လ ကျပ် ၃၄၀၀ မှ ၃၆၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀ မှ ၂၀၀ ခန့် ဈေးမြင့်လာပီး၊ ယခင်လအတိုင်း အနိမ့်စ ဈေးငြိမ်နေပီး အမြင့်စ ၁၀၀ ကျပ် ခန့် ဈေးမြင့်လာသည်။
နေကြာဖက် ၁ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၂၉၀၀ မှ ၃၀၀၀၊ ယခင်တစ်ပတ် ၂၉၀၀ ကျပ်၊ ယခင်လ ကျပ် ၂၉၀၀ မှ ၃၁၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း အနိမ့်စ ဈေးငြိမ်ကာ အမြင့်စ ၁၀၀ ကျပ်ခန့် ဈေးမြင့်လာပြီး၊ ယခင်လအတိုင်း အနိမ့်စ ဈေးငြိမ်ကာ အမြင့်စ ၁၀၀ ကျပ် ခန့် ဈေးနိမ့်လာသည်။
မုန်ညင်းဖက် ၁ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၂၉၀၀ မှ ၃၀၀၀၊ ယခင်တစ်ပတ် ၂၉၀၀ ကျပ်၊ ယခင်လ ကျပ် ၂၉၅၀ မှ ၃၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း အနိမ့်စ ဈေးငြိမ်ကာ အမြင့်စ ၁၀၀ ကျပ်ခန့် ဈေးမြင့်လာပြီး၊ ယခင်လထက် အနိမ့်စ ၅၀ ကျပ် ဈေးမြင့်လာကာ အမြင့်စ ဈေးငြိမ်လျက်ရှိသည်။