Local News

နှမ်းနက် နှင့် စားတော်ပဲများ အရောင်းအဝယ်သွက်နေ

Last Updated:

မန္တလေးကုန်စည်ဒိုင်၌ ဇူလိုင်လ တတိယပတ်တွင် ပဲမျိုးစုံ အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း၊ နှမ်းမျိုးစုံအနက်မှ နှမ်းနက်မှာ လှောင်လက်မှာမှ ဝယ်လိုအားများနေခြင်း ၊ စားတော်ပဲမှာ ပြည်တွင်း စားသုံးမှုလိုအပ်ချက်အရ ဝယ်လိုအားများနေခြင်းကြောင့် အရောင်းအဝယ်သွက်ကာ ဈေးမြင့်လာ ကြောင်း သိရသည်။

နှမ်းမျိုးစုံနှင့် စားတော်ပဲဈေးနှုန်းများမှာ-

နှမ်းနက်(စမုံ)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၇၇၀၀၀၀မှ ၈၇၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၇၃၀၀၀၀မှ ၈၂၀၀၀၀၊ ယခင်လ ကျပ်  ၇၃၀၀၀၀ မှ  ၇၈၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၄၀၀၀မှ ၅၀၀၀၊ ယခင်လထက် ကျပ် ၄၀၀၀ မှ‌ ၉၀၀၀ခန့်ဈေးမြင့်လာ သည်။

နှမ်းဖြူ(ဂျပန်) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၆၅၀၀၀မှ ၃၈၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၇၀၀၀၀မှ ၃၈၅၀၀၀၊ ယခင်လ ကျပ် ၃၉၀၀၀၀မှ ၄၀၀၀၀၀ ဖြစ် သည်။ ယခင်တစ်ပတ်ထက် ၅၀၀၀ကျပ်ဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ်၂၀၀၀၀မှ ၂၅၀၀၀ခန့် ဈေးနိမ့်လာသည်။

နှမ်ညို ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၉၀၀၀၀မှ ၂၉၅၀၀၀၊ ယခင် တစ်ပတ် ကျပ် ၂၈၀၀၀၀မှ ၂၈၅၀၀၀၊ ယခင်လ ၃၃၀၀၀၀ ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀ ဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ် ၃၅၀၀၀မှ ၄၀၀၀၀ ခန့်ဈေးနိမ့်လာသည်။

ပန်းနှမ်း ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၁၅၀၀၀မှ ၃၂၀၀၀၀၊ ယခင်တစ်ပတ် ၃၀၀၀၀၀ ကျပ်၊ ယခင်လ ၂၉၀၀၀၀ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀၀မှ ၂၀၀၀၀၊ ယခင်လထက် ကျပ် ၂၅၀၀၀မှ ၃၀၀၀၀ ခန့် ဈေးမြင့်လာသည်။

စားတော်ပဲ(ကနေဒါ) ၅၉.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၅၀၀၀၀၀ကျပ်၊ ယခင်တစ်ပတ် ၄၄၅၀၀၀ကျပ်၊ ယခင်လ ကျပ် ၃၉၀၀၀၀မှ ၃၉၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၅၀၀၀ကျပ်၊ ယခင်လထက် ကျပ် ၁၀၅၀၀၀ မှ ၁၁၀၀၀၀ ခန့်ဈေးမြင့်လာသည်။

စားတော်ပဲ(ကျွန်း) ၅၉.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၅၈၀၀၀၀မှ ၆၀၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၅၃၀၀၀၀မှ ၅၅၀၀၀၀၊ ယခင်လ ကျပ် ၄၇၀၀၀၀မှ ၅၁၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၅၀၀၀ ကျပ်၊ ယခင်လထက် ကျပ် ၉၀၀၀၀ မှ ၁၁၀၀၀၀ ခန့်ဈေးမြင့်လာသည်။

Category: Local News