နိုဝင်ဘာလတတိယပတ်တွင်မန္တလေးကုန်စည်ဒိုင်၌ပဲမျိုးစုံ၊ ပြောင်းနှင့် ဆီထွက်သီးနှံမျိုးစုံအရောင်းအဝယ်ပုံမှန်ရှိနေသော်လည်း၊ ပို့ကုန်ပဲများမှာ အရောင်းအဝယ်အေးနေကြောင်း သိရသည်။
နိုဝင်ဘာလ တတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ပဲတီစိမ်း၊ ပဲစင်းငုံနီ နှင့် မတ်ပဲဈေးနှုန်းများမှာ-
ပဲတီစိမ်း ၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၂၀၀၀၀ မှ ၃၄၀၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၃၃၀၀၀၀ မှ ၃၅၀၀၀၀၊ ယခင်လ ကျပ် ၃၂၅၀၀၀ မှ ၃၃၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀၀၀ ကျပ် ဈေးနိမ့်လာပြီး၊ ယခင်လထက် အနိမ့်စ ၄၀၀၀ ကျပ် ခန့်ဈေးနိမ့်လာကာ အမြင့်စ ၁၀၀၀၀ ကျပ်ခန့် ဈေးမြင့်လာသည်။
ပဲစင်းငုံနီ ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၄၃၀၀၀ ကျပ် ၊ ယခင်တစ်ပတ် ကျပ် ၂၄၅၀၀၀ မှ ၂၄၆၀၀၀၊ ယခင်လ ၂၄၃၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ်၂၀၀၀ မှ ၃၀၀၀ ခန့် ဈေးနိမ့်လာပြီး၊ ယခင်လအတို်ငး ဈေးငြိမ်လျှက်ရှိသည်။
မတ်ပဲ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၂၄၅၀၀၀ ကျပ် ၊ ယခင်တစ်ပတ် ကျပ် ၂၁၅၀၀၀မှ ၂၄၅၀၀၀ ၊ ယခင်လ ကျပ် ၂၅၀၀၀၀မှ ၂၅၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ် ထက် အနိမ့်စ ၃၀၀၀၀ ကျပ် ခန့် ဈေးမြင့်လာပြီး ၊ ယခင်လထက် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ခန့် ဈေးနိမ့်လာသည်။