ဒီဇင်ဘာလပထမပတ်တွင်မန္တလေးကုန်စည်ဒိုင်၌ပဲကြီးလက်ကျန်နည်းနေပြီးပြည်တွင်းပဲကြော်၊ပဲလှော်လုပ်ငန်းရှင်များမှ ဝယ်ယူမှုရှိနေသည့်အတွက် ဈေးမြင့်တက်လာကြောင်းသိရသည်။
ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၆၁၀၀၀၀ မှ ၆၃၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၆၀၀၀၀၀ မှ ၆၁၀၀၀၀ ၊ ယခင်လ ကျပ် ၄၇၀၀၀၀ မှ ၄၈၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀မှ ၂၀၀၀၀၊ ယခင်လထက် ကျပ် ၁၄၀၀၀၀ မှ ၁၅၀၀၀၀ခန့် ဈေးမြင့်တက်လာသည်။
ပဲကြီး(လတ်) ၅၅.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၅၅၀၀၀၀ မှ ၅၇၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၅၅၀၀၀၀ မှ ၅၆၀၀၀၀ ၊ ယခင်လ ကျပ် ၄၃၀၀၀၀ မှ ၄၅၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ ဈေးငြိမ်နေပြီး အမြင့်စ ၁၀၀၀၀ ကျပ်၊ ယခင်လထက် ကျပ် ၁၀၀၀၀၀ မှ ၁၂၀၀၀၀ ခန့် ဈေးမြင့်တက်လာသည်။
ပဲကြီး(သေး) ၅၅.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၅၂၀၀၀၀ ကျပ်၊ ယခင်တစ်ပတ် ကျပ် ၅၂၀၀၀၀ မှ ၅၃၀၀၀၀ ၊ ယခင်လ ကျပ် ၃၃၀၀၀၀ မှ ၃၅၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀၀၀ ကျပ် ဈေးနိမ့်လာပြီး၊ ယခင်လထက် ကျပ် ၁၇၀၀၀၀ မှ ၁၉၀၀၀၀ ခန့် ဈေးမြင့်တက်လာသည်။