Local News

ကထိန်ရာသီဖြစ်၍မန္တလေးကုန်စည်ဒိုင်ပဲမျိုးစုံဈေးကွက်ဈေးအေးနေ

Last Updated:

နိုဝင်ဘာလ တတိယပတ်အတွင်း မန္တလေး ကုန်စည်ဒိုင် သို့  ရမည်းသင်း၊ တပ်ကုန်း၊ ပျော်ဘွယ်၊ အောင်လံ ဘက်မှပဲတီစိမ်း အသစ်များဝင်ရောက်နေပြီး၊ စိုထိုင်းဆပေါ်မူတည်၍ အရည်အသွေးလိုက်ဈေးဖွင့် ဝယ်ယူနေကြောင်း ကျန်ပဲများမှာ အသစ်ဝင်ရောက်မှုမရှိပဲ လှောင်လက်ပဲများသာ အရောင်းအဝယ် ဖြစ်နေပြီး ကထိန်ရာသီဖြစ်၍ အရောင်းအဝယ်အေး ဈေးအေးနေကြောင်း မန္တလေးကုန်စည်ဒိုင်မှ ဈေးကွက်သိရသည်။ပဲတီစိမ်း (အညာ) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၄၅၀၀၀ မှ ၁၅၀၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၁၄၅၀၀၀ မှ ၁၅၅၀၀၀ ၊ ယခင်လကျပ် ၁၆၅၀၀၀ မှ ၁၇၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀ ၊ ယခင်လထက်ကျပ် ၃၀၀၀ မှ ၅၀၀၀ နိမ့်ကျလာသည်။မတ်ပဲ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၂၇၅၀၀၀ မှ ၂၇၄၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၂၇၇၀၀၀ ၊ ယခင်လကျပ် ၂၇၂၀၀၀ မှ ၂၇၃၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀ မှ ၃၀၀၀ နိမ့်ကျလာပြီး ၊ ယခင်လထက် ကျပ် ၂၀၀၀ မြင့်တက်လာသည်။မြေထောက်ပဲ  ၅၄ ပိဿာဝင်သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၃၁၀၀၀၀ မှ ၃၃၀၀၀၀  ၊ ယခင်တစ်ပတ်ကျပ် ၃၀၀၀၀၀ မှ ၃၂၀၀၀၀ ၊ ယခင်လကျပ် ၃၅၀၀၀၀ မှ ၃၅၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ကျပ် ၁၀၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက်ကျပ် ၂၅၀၀၀ မှ ၄၀၀၀၀ နိမ့်ကျလာသည်။

Category: Local News