Local News

မြေပဲဆန် နှင့် ဆီကြိတ်ဖတ် ဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်တွင်ဩဂုတ်လနောက်ဆုံးပတ်၌မြေပဲဆန်အသစ်များဝင်ရောက်မှုရှိပြီးဈေးနိမ့်ကာအရောင်းအဝယ်အေးနေကြောင်းသိရသည်။ မြေပဲဆန်နှင့်အတူဆီကြိတ်ဖတ်များမှာလည်းဈေးကွက်တစ်ခုအနေဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။  

ဩဂုတ်လ နောက်ဆုံးပတ်တွင်  မန္တလေးကုန်စည်ဒိုင်တွင် ဖြစ်ပေါ်လျက်ရှိသည့် မြေပဲဆန် နှင့် ဆီကြိတ်ဖတ်ဈေးနှုန်းများမှာ-

S1 လုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၄၀၀ မှ ၇၅၅၀၊ ယခင်တစ်ပတ် ကျပ် ၇၇၀၀မှ ၇၇၅၀၊ ယခင်လ ကျပ် ၈၆၀၀ မှ ၈၇၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀မှ ၃၀၀၊ ယခင်လထက်ကျပ် ၁၁၅၀ မှ ၁၂၀၀ ခန့်ဈေးနိမ့်လာသည်။

S1 ဆီဆန် တစ်ပိဿာလျှင်   ယခုတစ်ပတ် ကျပ် ၆၃၀၀ မှ ၆၈၀၀၊ ယခင်တစ်ပတ် ကျပ်  ၇၄၀၀ မှ ၇၄၅၀ ၊ ယခင်လ ကျပ်  ၇၇၀၀ မှ ၇၈၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်  ကျပ် ၆၅၀ မှ ၁၁၀၀ ၊  ယခင်လထက် ကျပ် ၁၀၀၀ မှ ၁၄၀၀ ခန့်ဈေးနိမ့်လာသည်။      အနီလုံးဆန် တစ်ပိဿာလျှင်  ယခုတစ်ပတ် ကျပ်  ၇၂၀၀ မှ ၇၄၀၀ ၊ ယခင်တစ်ပတ် ကျပ်  ၇၃၀၀ မှ ၇၆၀၀ ၊ ယခင်လ ကျပ်  ၈၅၀၀ မှ ၈၈၀၀  ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်  ကျပ် ၁၀၀ မှ ၂၀၀  ၊ ယခင်လထက် ကျပ်   ၁၃၀၀ မှ ၁၄၀၀ ခန့်ဈေးနိမ့်လာသည်

မြေပဲဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၄၇၀၀ မှ ၄၈၀၀၊ ယခင် တစ်ပတ် ကျပ် ၄၅၀၀ မှ ၄၅၅၀၊ ယခင်လကျပ် ၄၃၅၀ မှ ၄၄၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀မှ ၂၅၀၊ ယခင်လထက် ကျပ် ၃၅၀ မှ ၄၀၀ ခန့် ဈေးနိမ့်လာသည်။

နှမ်းဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် ကျပ် ၂၉၀၀မှ ၂၉၅၀၊ ယခင်တစ်ပတ် ကျပ် ၂၈၀၀၊ ယခင်လကျပ် ၂၈၀၀မှ ၂၈၅၀ ဖြစ်သည်။ ယခင်တစ်ပတ် ကျပ် ၁၀၀ မှ ၁၅၀၊ ယခင်လထက် ၁၀၀ ကျပ်  ခန့် ဈေးမြင့်လာသည်။

နေကြာဖတ် တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ်၊ ယခင်တစ်ပတ် ၂၂၀၀ ကျပ်၊ ယခင်လ ကျပ် ၂၀၅၀ မှ ၂၁၀၀ ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ၁၅၀ ကျပ် ခန့်ဈေးမြင့်လာသည်။

Category: Local News