ဧပြီလပထမပတ်တွင်မန္တလေးကုန်စည်ဒိုင်၌ပဲတီစိမ်းအသစ်များအဝင်နည်းပြီးပြည်တွင်းပဲခွဲစက်များမှပုံမှန်ဝယ်ယူမှုရှိနေသော်လည်းတရုတ်အဝယ်နည်းနေကြောင်း၊ပဲစင်းငုံနီမှာလည်းအဝင်ရှိနေသော်လည်းပဲခွဲစက်များနှင့်ရန်ကုန်ဝယ်လက်များမှအဝယ်နည်းနေခြင်းကြောင့်အရောင်းအဝယ်အေးနေကြောင်းသိရသည်။
ပဲတီစိမ်း (အညာ) ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၈၀၀၀၀ မှ ၃၁၀၀၀၀၊ ယခင်တစ်ပတ်နှင့် ယခင်လကျပ် ၂၆၀၀၀၀မှ ၂၉၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်၊ ယခင်လထက် ၂၀၀၀၀ကျပ် ခန့်ဈေးမြင့်တက်လာသည်။
ပဲစင်းငုံ (နီ) ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၈၀၀၀၀မှ ၂၈၂၀၀၀၊ ယခင်တစ်ပတ် ၂၇၅၀၀၀ ကျပ်၊ ယခင်လ ကျပ် ၂၉၇၀၀၀မှ၀၂၉၉၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀မှ ၇၀၀၀ ခန့်ဈေးမြင့်တက်လာပြီး၊ ယခင်လထက် ၁၇၀၀၀ကျပ်ခန့် ဈေးနိမ့်ကျလာသည်။