Local News

မန္တလေးကုန်စည်ဒိုင်ပဲဈေးကွက်တွင်မြေထောက်ပဲနှင့်ပဲပုပ်အရောင်းသွက်၍ဈေးမြင့်လာ

Last Updated:

ဩဂုတ်လနောက်ဆုံးပတ်အတွင်းမန္တလေးကုန်စည်ဒိုင်ပဲဈေးကွက်တွင်ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိရာမြေထောက်ပဲနှင့်ပဲပုပ်များအရောင်းသွက်နေကြောင်းသိရသည်။ပဲလက်ကျန်နည်းလာခြင်း၊ပြည်တွင်းဝယ်ယူမှုများအပြင်ပြည်ပ ဝယ်လက်များမှလည်းအဝယ်သွက်နေသောကြောင့်မြေထောက်ပဲ၅၄ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်အနိမ့်ဆုံးကျပ်၅၀၀၀မှအမြင့်ဆုံးကျပ်၄၀၀၀၀ထိ၊ပဲပုတ်၅၃.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်အနိမ့်ဆုံး၅၀၀၀မှအမြင့်ဆုံး၄၀၀၀၀ထိ မြင့်တက်လာကြောင်းမန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။

မြေထောက်ပဲ၅၄ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၃၃၀၀၀၀မှ၃၈၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၃၀၀၀၀မှ၃၇၅၀၀၀၊ယခင်လကျပ်၃၂၀၀၀၀မှ၃၄၀၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၅၀၀၀၊ယခင်လထက်ကျပ် ၁၀၀၀၀မှ၄၀၀၀၀ မြင့်တက်လာသည်။

ပဲပုပ်(ဗမာ)၅၃.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၂၄၀၀၀၀မှ၂၅၀၀၀၀၊ယခင်တစ်ပတ်ကျပ်၂၃၅၀၀၀မှ၂၄၀၀၀၀၊ယခင်လကျပ်၂၀၈၀၀၀မှ၂၁၀၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၅၀၀၀မှ၁၀၀၀၀ ၊ ယခင်လထက် ကျပ်၃၂၀၀၀မှ၄၀၀၀၀မြင့်တက်လာသည်။

ပဲပုပ်(ရှမ်း)၅၃.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၁၆၈၀၀၀မှ၁၆၉၀၀၀၊ယခင်တစ်ပတ်ကျပ်၁၆၈၀၀၀မှ၁၆၉၀၀၀၊ယခင်လကျပ်၁၅၅၀၀၀မှ၁၅၈၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ယခင်လထက် ကျပ်၁၁၀၀၀မှ၁၃၀၀၀မြင့်တက်လာသည်။

                   

Category: Local News