Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

ဩဂုတ်လ နောက်ဆုံးပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပွဲရုံသို့ ကြက်သွန်နီများ ပိဿာချိန် (၁၅၀၀၀)ကျော် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများကို ဒေသတွင်းအဆွဲများ၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက်မြစ်ရိုးတစ်လျှာက် တင်ပို့လျက်ရှိကြောင်းသိရသည်။

  ယခုတစ်ပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ (၁)ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား (ကြီး) (၃၄၀၀-၃၅၀၀)ကျပ်၊ (လတ်) (၃၂၀၀-၃၃၀၀) ကျပ်၊ (သေး) (၂၉၀၀-၃၀၀၀)ကျပ် ပေါက်ဈေးရှိပြီး အလုံးဆိုဒ် အစိုခြောက် အရောင်းအသွေးပေါ် မူတည် ၍ ဈေးနှုန်းကွာခြားမှုများရှိပါသည်။ ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ  (ကြီး)  (၃၆၀၀-၃၇၀၀)ကျပ်၊ (လတ်) (၃၄၀၀-၃၅၀၀)ကျပ်၊ (သေး)  (၃၂၀၀- ၃၁၀၀)ကျပ် ရှိပါသည်။ ကြက်သွန်ဖြူ လက်ကားဈေးမှာ( ဗမာဖြူ ) (၁၀၀၀၀-၁၂၀၀၀)ကျပ်၊ (ရှမ်းစ) (၉၀၀၀-၁၀၀၀၀)ကျပ်၊ ကြူကုတ် (၈၀၀၀-၈၅၀၀) ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ)(၁၂၅၀၀-၁၃၆၀၀)ကျပ်၊ (ရှမ်းစ) (၉၇၀၀-၁၁၇၀၀)ကျပ်၊ ကြူကုတ်(၈၇၀၀-၉၅၀၀) ကျပ်ဖြင့် ပစ္စည်းအရည်အသွေး ပေါ်မူတည်၍ ဈေးနှုန်းကွာခြားလျှက်ရှိကာ အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

Category: Local News