Local News

မြေပဲဆန်များ အရောင်းအဝယ်သွက်နေ

Last Updated:

ဇူလိုင်ပထမပတ် တွင် မန္တလေးကုန်စည်သို့ ဧရာဝတီမြစ်ရိုးတစ်လျှောက်မှ  မြေပဲဆန်များ ဝင်ရောက်မှုရှိပြီး စားသုံးဆီကြိတ်ခွဲရန်အတွက် ဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူမှုရှိနေသောကြောင့် အရောင်းအဝယ်သွက်နေကြောင်း သိရသည်။

S1 လုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၉၂၀၀ မှ ၉၃၀၀ ၊ ယခင်တစ်ပတ် ကျပ် ၉၀၀၀မှ ၉၄၀၀၊ ယခင်လ ကျပ်  ၉၈၀၀ မှ ၁၀၃၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် အနိမ့်စ  ၁၀၀ ကျပ် ဈေးမြင့်လာပြီး အမြင့်စ ၁၀၀ ကျပ် ဈေးနိမ့်လာကာ  ၊ ယခင်လထက် ကျပ် ၆၀၀ မှ ၁၀၀၀ ခန့် ဈေးနိမ့်လာသည်။

S1 ဆီဆန် တစ်ပိဿာလျှင်   ယခုတစ်ပတ် ကျပ် ၈၂၀၀ မှ ၈၃၀၀ ၊ ယခင်တစ်ပတ် ကျပ်  ၈၆၀၀ မှ ၈၉၀၀ ၊ ယခင်လတစ်ပတ် ကျပ်  ၉၇၀၀ မှ ၉၉၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၄၀၀ မှ ၆၀၀ ၊ ယခင်လထက် ကျပ်  ၁၅၀၀ မှ  ၁၆၀၀ ခန့်ဈေးနိမ့်လာသည်။       

အနီလုံးဆန်တစ်ပိဿာလျှင်  ယခုတစ်ပတ် ကျပ်  ၈၉၀၀ မှ ၉၁၀၀၊ ယခင်တစ်ပတ် ကျပ်  ၈၈၀၀ မှ ၉၀၀၀ ၊ ယခင်လတစ်ပတ် ကျပ်  ၉၀၀၀ မှ ၉၃၀၀  ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ ဈေးမြင့်လာပြီး၊ ယခင်လထက် ကျပ်   ၁၀၀ မှ ၂၀၀ခန့်ဈေးနိမ့်လာသည်။   

အနီဆီဆန် တစ်ပိဿာလျှင်   ယခုတစ်ပတ် ကျပ် ၈၆၀၀ မှ ၈၈၀၀ ၊ ယခင်တစ်ပတ် ကျပ်  ၈၃၀၀မှ ၈၅၀၀ ၊ ယခင်လတစ်ပတ် ကျပ် ၈၇၀၀မှ ၈၉၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ၃၀၀ ကျပ်  ဈေးမြင့်လာပြီး ၊ ယခင်လထက် ၁၀၀ ကျပ် ခန့်ဈေးနိမ့်လာသည်။

Category: Local News