Local News

မိုးကြက်သွန်များ စိုက်ပျိုးမှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကြက်သွန်နီ စိုက်ပျိုးရန် ဧကပေါင်း ၄၇၀၀၀ ကျော်လျာထားပြီး မိုးကြက်သွန် ဧက ၂၃၀၀ ကျော် လျာထားပါသည်။ ဇူလိုင်လ ပထမပတ်အထိ မိုးကြက်သွန် ဧက ၉၀၀ ခန့်စိုက်ပျိုးပြီးစီး နေကြောင်း သိရပါသည်။ မုံရွာပွဲရုံသို့ နေ့စဉ် ဝင်ရောက်မှုမှာ ကြက်သွန်နီ ပိဿာချိန် ၅၀၀၀ ခန့် အဝင်ရှိနေကြောင်း သီးနှံပွဲရုံမှ သိရှိရပါသည်။ ကြက်သွန်နီများကို ရန်ကုန်၊ မန္တလေးနှင့် အထက်ပိုင်း ဟုမ္မလင်း၊ ခန္တီးမြို့များသို့ တင်ပို့လျက် ရှိကြောင်း သိရပါသည်။

ယခုတစ်ပတ် မုံရွာပွဲရုံများတွင် ကြက်သွန်နီ လက်ကား တစ်ပိဿာ ပေါက်ဈေးနှုန်းများမှာ (ကြီး) ၁၃၀၀ ကျပ်၊ (လတ်) ၁၁၀၀ ကျပ်၊ (သေး) ၈၀၀ ကျပ်နှုန်းရှိပြီး၊ လက်လီ ဈေးနှုန်းများမှာ (ကြီး) ၁၇၀၀ ကျပ်၊ (လတ်) ၁၄၀၀ ကျပ်၊ (သေး) ၁၀၀၀ ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ်မူတည်၍  အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ ယခင်နှစ် ကာလတူဖြင့် နှိုင်ယှဉ်ပါက ကြက်သွန်နီဈေးများ တစ်ပိဿလျှင် ၇၀၀ ကျပ်ခန့် ကျဆင်းနေကြောင်းသိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး

Category: Local News