ဇူလိုင်ပထမပတ် တွင် မန္တလေးကုန်စည်၌ ပို့ကုန်ပဲများ အရောင်းအဝယ်အေးနေသော်လည်း ပြည်တွင်းသုံးပဲများမှာ အရောင်းအဝယ်ပုံမှန်ရှိနေကြောင်းသိရသည်။
ပဲနီပြား(တံတားဦး) ၅၅.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၄၅၀၀၀မှ ၃၅၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၆၀၀၀၀မှ ၃၆၅၀၀၀၊ ယခင်လ ၃၇၀၀၀၀ ကျပ်ဖြစ်သည်။ ယခင် တစ်ပတ်ထက် ၁၅၀၀၀ ကျပ်၊ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀၀မှ ၂၅၀၀၀ ကျပ်ဈေးနိမ့်လာသည်။
ပဲနီပြား(ကျွန်း) ၅၅.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၄၀၀၀၀၀ မှ ၄၁၅၀၀၀၊ ယခင်တစ်ပတ် ၄၁၅၀၀၀ ကျပ်၊ ယခင်လ ကျပ် ၃၈၀၀၀၀ မှ ၄၂၀၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် အနိမ့်စ ၁၅၀၀၀ ကျပ်၊ ယခင်လထက် ကျပ် ၅၀၀၀မှ ၂၀၀၀၀ ခန့်ဈေးမြင့်လာသည်။
ပဲလွန်းဖြူ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်၊ ယခင်တစ်ပတ် ကျပ် ၂၆၀၀၀၀မှ ၂၆၅၀၀၀၊ ယခင်လ ကျပ် ၂၃၀၀၀၀ မှ ၂၅၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတို်ငးဈေး ငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၁၀၀၀၀မှ ၃၀၀၀၀ ခန့်ဈေးမြင့်လာသည်။
ပဲလွန်းပြာ၅၄.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်၊ ယခင်တစ်ပတ် ကျပ် ၂၀၅၀၀၀ မှ ၂၁၀၀၀၀၊ ယခင်လ ကျပ် ၂၀၀၀၀၀ မှ ၂၁၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်၊ ယခင်လ အတိုင်းဈေးငြိမ်နေပါသည်။