Local News

ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်မှုသတင်း

Last Updated:

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ (၂၃-၉-၂၀၂၃) မှ (၂၉-၉-၂၀၂၃)အထိ အမှန်တင်ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဇီးဖတ်၊ ချင်း(အစို)၊ ချင်း(အခြောက်)၊ နနွင်းတက်၊ အုန်းသီးခြောက်၊ ငါးမြစ်ချင်း၊ ငါးသိုင်း ခေါင်းပွနှင့် ဇီးယိုထုပ်တို့တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၂၆၃၀၇ ဒဿမ ၆၀ ဒေါ်လာတင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် ချင်း(အစို) တန် ချိန် ၁၄ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ အုန်းသီးခြောက် တန်ချိန် ၄၅ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ချင်း(အစို)တန်ချိန် တင်ပို့နိုင်မှုလျော့နည်း သွားကြောင်းသိရပါသည်။ ယခုအပတ် ချင်း(အစို) တင်ပို့နိုင်မှုငွေပမာဏမှာ ၆၃၀၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်းအနေဖြင့် ငါးသိုင်းခေါင်းပွ တန်ချိန် ၆ ဒဿမ ၀၄၈တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ငါးသိုင်းခေါင်းပွ တန်ချိန် ၁ ဒဿမ ၉၆၈ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ငါးသိုင်းခေါင်းပွ တန်ချိန် ပိုမို၍ တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ယခုအပတ် ငါးသိုင်းခေါင်းပွ  တင်ပို့နိုင်မှု ငွေပမာဏ မှာ ၈၄၆၇ ဒဿမ ၂၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News