Local News

အစေ့ထုတ် (CP) ပြောင်း စိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီးတွင် အစေ့ထုတ်(CP)ပြောင်း (မိုး+ဆောင်း) စုစုပေါင်း ဧက ၁.၈သိန်း ကျော် စိုက်ပျိုးရန်လျာထားပြီး (မိုး) လျာထားချက်မှာ ဧကပေါင်း ၁.၆ သိန်းကျော်၊ ယနေ့အထိ ဧက ပေါင်း ၁.၅ သိန်းကျော် စိုက်ပျိုးနိုင်ကြောင်းသိရပါသည်။ အစေ့ထုတ် (CP) ပြောင်း (မိုး) စိုက်ပျိုးထား ရှိခဲ့သော ခရိုင်များမှာ ကန့်ဘလူခရိုင် ဧကပေါင်း ၁သိန်းကျော်၊ နာဂဒေသ ဧကပေါင်း ၁.၉သောင်း ကျော်၊ ကလေးခရိုင် ဧကပေါင်း ၁.၆သောင်းကျော်၊ ရေဦးခရိုင် ဧကပေါင်း ၇၅၀၀ကျော်၊ ရွှေဘိုခရိုင် ဧကပေါင်း ၃၆၀၀ကျော်၊ စစ်ကိုင်းခရိုင် ဧကပေါင်း ၂၂၀၀ကျော်၊ မုံရွာခရိုင် ဧကပေါင်း ၁၇၀၀ကျော်၊ ကသာခရိုင် ဧကပေါင်း ၈၀၀ကျော်၊ ဟုမ္မလင်းခရိုင် ဧကပေါင်း ၁၃၀ကျော်နှင့် ကောလင်းခရိုင် ဧကပေါင်း  ဧက ၄၅ကျော်တို့ စိုက်ပျိုးပြီးစီးကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။

ဩဂုတ်လ စတုတ္ထအပတ်တွင် မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော အစေ့ထုတ် (CP)ပြောင်းဈေးနှုန်းများမှာ အသစ် တစ်တင်း ၂၉၅၀၀ကျပ်နှင့် အဟောင်း တစ်တင်း ၃၁၀၀၀ကျပ် ပေါက်ဈေးရှိနေသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အစေ့ထုတ်(CP) ပြောင်း အသစ် တစ်တင်း ၁၅၀၀ကျပ်ခန့် ဈေးအနည်းငယ် တက်လာပြီး မွေးမြူရေးသမားများ အဝယ်လိုက်နေပါသဖြင့်  အရောင်းအဝယ်သွက်နေကြောင်းသိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News