ဇွန်လပထမပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေ အနေမှာ မြေပဲလုံးဆံနီ၊ မြေပဲလုံးဆံဖြူ ဈေးနှုန်းများကျဆင်းနေပြီး နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက် ဈေးနှုန်းများ အနည်းငယ်မြင့်တက်ကြောင်း သိရသည်။ ယခုတစ်ပတ်တွင် နှမ်းညို တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၃၀၀၀)ကျပ်၊ နှမ်းနက်(သ/ဟ) တစ်တင်းလျှင် (၁၀၈၀၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက် ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၉၃၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၀၀၀၀-၁၀၈၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၅၀၀၀-၈၅၀၀၀) ကျပ်ရှိပြီး ကာလတူ နှိုင်းယှဉ်ပါက နှမ်းဖြူ ၊ နှမ်းနက်နှင့် နှမ်းညိုဈေးနှုန်းများ မြင့်တက်သွားကြောင်းသိရသည်။
ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၈၀၀၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၆၇၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၈၁၀၀-၈၀၀၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၇၀၀၀-၆၈၀၀)ကျပ်၊ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆန်နီ ၊မြေပဲလုံးဆံဖြူ အနည်းငယ် ကျဆင်းကြောင်းသိရသည်။ ယခုပတ်ဆီဈေးမှာ ပဲဆီတစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၃၅၀၀ ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၁၅၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်ထိ ပေါက်ဈေးရှိပါသည်။
ဇေယျာကုန်သွယ်မှုဗဟိုဌာန