Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

      ဇွန်လပထမပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ်ပိဿာချိန် (၂၀၀၀၀)ကျော် ဝင်ရောက် လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှာက် တင်ပို့လျက်ရှိကြောင်းသိရသည်။

      ယခုပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ (၁)ပိဿာ ပေါက်ဈေး နှုန်းများမှာ လက်ကား(ကြီး) (၂၂၀၀-၂၀၀၀)ကျပ်၊ (လတ်) (၁၉၀၀-၁၈၀၀) ကျပ်၊ (သေး) (၁၅၀၀-၁၄၀၀)ကျပ် ပေါက်ဈေးရှိပြီး အလုံးဆိုဒ် အစိုခြောက် အရောင်အသွေးပေါ် မှုတည်၍ ဈေးနှုန်းကွာခြားမှုများရှိနေပါသည်။ ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ (ကြီး) (၂၆၀၀- ၂၅၀၀)ကျပ်၊ (လတ်) (၂၃၀၀-၂၁၀၀)ကျပ်၊ (သေး) (၁၉၀၀-၁၆၀၀)ကျပ်ရှိပါသည်။ ကြက်သွန်ဖြူ လက်ကားဈေးမှာ (ဗမာ) (၇၅၀၀- ၈၀၀၀)ကျပ်၊ (ရှမ်းစ) (၆၀၀၀-၇၀၀၀)ကျပ်၊ ကြူကုတ် (၅၅၀၀-၆၅၀၀) ကျပ်ပေါက်ဈေးရှိပါသည်။ ကြက်သွန်ဖြူ လက်လီ ဈေးမှာ (ဗမာ)(၈၀၀၀-၈၅၀၀)ကျပ်၊ (ရှမ်းစ) (၆၅၀၀-၇၅၀၀)ကျပ်၊ ကြူကုတ် (၆၀၀၀-၇၀၀၀)ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ် မူတည်ပြီး အသီးသီးအရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။       

ဇေယျာကုန်သွယ်မှုဗဟိုဌာန

 

Category: Local News