မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ Last Updated: 2023-12-08 ဒီဇင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန် သီးနှံများဖြစ်သော ပဲတီစိမ်းသေး၊ ပုဂံပဲ၊ ပဲနီလုံးရိုးရိုး၊ Cp ပြောင်းဖူးစေ့၊ ဈေးငြိမ်၍ ပဲကြီး ဈေးမြင့်တက်နေပြီး၊ မတ်ပဲ၊ ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပဲတီစိမ်းကြီး၊ ကုလားပဲ ထိုင်ဝမ် ၊ ပဲနီလုံးကြား၊ ကုဖြူလုံးကြီ ၊ ကုဖြူလုံးသေးနှင့် ကုလားပဲ 929 ဈေးနှုန်းများ ကျဆင်း နေကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံ တစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး (၁၃၆၀၀၀)ကျပ်၊ မတ်ပဲ (၉၀၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၄၇၀၀၀-၄၈၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၃၉၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၀၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၁၅၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ (၁၈၃၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၈၉၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၉၁၀၀၀)ကျပ်၊ ကုလားပဲ 929 (၈၃၅၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် (၈၉၅၀၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်လကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၄၅၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၄၀၀၀)ကျပ်၊ ပဲကြီး (၁၃၂၀၀၀) ကျပ်၊ မတ်ပဲ (၉၁၀၀၀) ကျပ်၊ ပဲတီစိမ်းကြီး (၄၀၀၀၀-၄၅၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၄၀၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ (၁၉၅၀၀)ကျပ်၊ ကုလားဖြူလုံးကြီး (၈၈၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၉၀၀၀၀) ကျပ်၊ ကုလားပဲ 929 (၈၆၀၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၈၇၀၀၀) ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြင့်တက်နေပြီး၊ ဂျုံဖြူသန့်၊ မတ်ပဲ ပဲတီစိမ်းကြီး/သေး၊ CP ပြောင်းဖူးစေ့၊ ပဲနီလုံး/ကြားဈေးနှုန်းများ အနည်းငယ်ကျဆင်းပြီး ပဲကြီး၊ မတ်ပဲနှင့်ကုလားပဲဈေးနှုန်းများ အနည်းငယ်ဈေးမြင့်တက်ကြောင်းသိရသည်။ Category: Local News Previous Post ပြည်ဒေသ၏ နှမ်းမျိုးစုံဈေးနှုန်းဈေးကွက် Next Post မလေးရှား၏ စားအုန်းဆီ တစ်လအထွက်ပမာဏ ခန့်မှန်းချက်ထက်လျော့နည်းနိုင်
တရုတ်နိုင်ငံတွင် ဝါးသည် ပလတ်စတစ်ညစ်ညမ်းမှုကို ထိန်းချုပ်ရန် ကူညီပ... by MyanTrade on 2026-03-06 under International News
ဧည့်မထဆန်(သစ်) ဈေးမြင့်တက်ပြီး ပေါ်ဆန်းမွှေးဆန်(သစ်)၊ ဆန်ကွဲ B(1,... by MyanTrade on 2026-03-06 under Local News
ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၏ ၆-၃-၂၀၂၆ ရက်နေ့ က... by MyanTrade on 2026-03-06 under ဈေးကွက်ဈေးနှုန်း