Local News

မုံရွာကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ ဈေးကွက်အခြေအနေ

Last Updated:

 ဩဂုတ်လ ဒုတိယအပတ်အတွင်း မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံ များထဲမှ ဂျုံ၊ ပဲကြီး၊ ပဲစဉ်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းကြီး/သေး၊ ပဲကြီး၊ ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊ ပုဂံပဲ၊ မြေထောက်ပဲ၊ ပဲယင်းဝါ၊ CP ပြောင်းနှင့် ကုလားပဲ (မျိုးစုံ) ဈေးနှုန်းများ မြင့်တက်လာပြီး ထောပတ်ပဲ တစ်မျိုးတည်းသာ ဈေးငြိမ်လျှက်ရှိ ကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံ တစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၂၀၀၀) ကျပ်၊ ဂျုံထွက်တိုး(၅၅၀၀၀)ကျပ်၊ ပဲကြီး (၉၉၀၀၀) ကျပ်၊ ပဲစဉ်းငုံ (၁၀၂၀၀)ကျပ်၊ မတ်ပဲ (၇၂၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၄၅၀၀မှ၅၅၅၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀)ကျပ်၊ ပဲနီလုံး ရိုးရိုး (၅၀၀၀၀-၅၁၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၂၀၀၀) ကျပ်၊ ပုဂံပဲ (၈၈၀၀၀)ကျပ်၊ မြေထောက်ပဲ (၉၈၀၀၀-၁၀၅၀၀၀)၊ ပဲယင်းဝါ(၅၅၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၂၁၂၀၀) ကျပ်၊ ကုလားပဲ (မျိုးစုံ) ပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင် ကုဖြူလုံးကြီး (၈၇၀၀၀)ကျပ်၊ ကုဖြူလုံးသေး (၈၇၀၀၀) ကျပ်၊ 929 (၈၇၀၀၀)ကျပ်၊ ထိုင်ဝမ် (၈၅၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရပါသည်။ ယခင်လအတွင်း ကာလတူအချိန် တစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူ သန့်(၅၇၀၀၀)ကျပ်၊ ဂျုံထွက်တိုး(၄၈၀၀၀)ကျပ်၊ ပဲကြီး (၉၇၀၀၀) ကျပ်၊ ပဲစဉ်းငုံ (၉၉၅၀၀) ကျပ်၊ မတ်ပဲ (၅၀၀၀၀-၆၉၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၄၃၀၀၀ မှ ၅၅၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၅၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၀၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၀၀၀၀) ကျပ်၊ ပုဂံပဲ (၈၅၀၀၀) ကျပ်၊ မြေထောက်ပဲ (၉၅၀၀၀-၁၀၀၀၀၀)၊ ပဲယင်းဝါ (၅၁၀၀၀) ကျပ်၊  CPပြောင်းဖူးစေ့ (၁၉၄၀၀)ကျပ်၊ ကုဖြူလုံးကြီး တစ်တင်းလျှင် (၅၉၀၀၀)ကျပ်၊ ကုဖြူလုံးသေး (၅၉၀၀၀)ကျပ်၊ 929 (၅၆၅၀၀)ကျပ်၊ ထောပတ်ပဲ (၉၈၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက ထောပတ်ပဲတစ်မျိုးတည်းသာ ဈေးငြိမ်၍ ကျန်ပဲများ အားလုံး ဈေးမြင့်တက်လာကြောင်းသိရသည်။

MT-Monywa

Category: Local News