ဒီဇင်ဘာလ ဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ ဂျုံအထွက်တိုးဈေးငြိမ်၍ ကုလားပဲဖြူလုံးကြီး၊ ပဲစင်းငုံ ဈေးနှုန်းများမြင့်တက်နေပြီး ပဲတီစိမ်းကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲထိုင်ဝမ်နှင့် ကုလားပဲ 929 ဈေးနှုန်း ကျဆင်းနေကြောင်းသိရသည်။
ယခုတစ်ပတ်အတွင်း သီးနှံတစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၈၀၀၀၀ ကျပ်၊ဂျုံအထွက်တိုး ၆၅၀၀၀ ကျပ်၊ ပဲစင်းငုံ ၇၉၈၀၀ကျပ်၊ ပဲတီစိမ်းကြီး ၈၀၀၀၀မှ ၁၀၃၀၀၀ကျပ်၊ ကုလားပဲ ဖြူလုံးကြီး ၇၆၅၀၀ကျပ်၊ ကုလားပဲဖြူလုံးသေး ၇၂၅၀၀ကျပ်၊ ကုလားပဲ 929 ၇၇၅၀၀ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၇၆၅၀၀ ကျပ်ပေါက်ဈေးရှိကြောင်းသိရသည်။ယခင်အပတ် ကာလတူအချိန် ပေါက်ဈေးနှုန်း များမှာ ဂျုံဖြူသန့် ၈၀၀၀၀ကျပ်၊ ဂျုံအထွက်တိုး ၆၅၀၀၀ ကျပ်၊ ပဲစင်းငုံ ၇၇၃၀၀ ကျပ်၊ ပဲတီစိမ်းကြီး ၉၀၀၀၀မှ ၁၀၅၀၀၀ကျပ်၊ ကုလားပဲဖြူလုံးကြီး ၇၆၀၀၀ကျပ်၊ ကုလားပဲဖြူလုံးသေး ၇၃၀၀၀ကျပ် ၊ ကုလားပဲ 929 ၇၈၀၀၀ကျပ်၊ ကုလားပဲထိုင်ဝမ် ၇၈၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
ယခုအပတ်နှင့် ယခင်အပတ် ကာလတူနှိုင်းယှဉ်ပါက ကုလားပဲဖြူလုံးကြီး တစ်တင်း ၅၀၀ကျပ်၊ ပဲစင်းငုံ တစ်တင်း ၂၅၀၀ကျပ် မြင့်တက်လာပြီး ကုလားပဲဖြူလုံးသေး တစ်တင်း ၅၀၀ကျပ်၊ ကုလားပဲ 929 တစ်တင်း ၂၀၀၀ကျပ်၊ ကုလားပဲထိုင်ဝမ် တစ်တင်း ၁၅၀၀ကျပ်နှင့် ပဲတီစိမ်းကြီး တစ်တင်း ၂၀၀၀ကျပ် ကျဆင်းလာကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး