စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပဲမျိုးစုံလျာထားစိုက်ဧကမှာ ၂၄ သိန်းကျော် ရှိသည့်အနက် ကုလားပဲ စိုက်ဧက ၄ သိန်းကျော် လျာထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
မုံရွာကုန်စည်ဒိုင်၌ ရောင်းဝယ်နေသော ကုလားပဲဈေးနှုန်းများမှာ ဇွန်လ ဒုတိယအပတ်တွင် ကုလားပဲဖြူလုံးကြီး တစ်တင်း ၇၃၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်း ၇၁၅၀၀ ကျပ်၊ ကုလားပဲ (929) တစ်တင်း ၇၂၇၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ၇၂၀၀၀ ကျပ်ဖြစ်ပြီး ပစ္စည်း အရည်အသွေးပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။
ယခင်လကာလတူ ကုလားပဲပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်း ၇၅၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်း ၇၂၀၀၀ ကျပ်၊ ကုလားပဲ (929) တစ်တင်း ၇၂၅၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ၇၁၀၀၀ ကျပ်ဈေးနှုန်းရှိပြီး ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုဖြူလုံးကြီး တစ်တင်း ၂၀၀၀ ကျပ်နှင့် ကုလားပဲဖြူလုံးသေး တစ်တင်း ၅၀၀ ကျပ်နှုန်း အနည်းငယ်ကျဆင်းနေပြီး ကုလားပဲ (929) တစ်တင်း ၂၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ၁၀၀၀ ကျပ်ခန့် အနည်းငယ် ဈေးမြင့်နေကြောင်းသိရပါသည်။ ထိုသို့ဈေး အတက်/ အကျ ဖြစ်နေရခြင်းမှာ ဈေးကွက်အတွင်းသို့ ကုလားပဲဖြူလုံးကြီး အဝင်များသောကြောင့် ဈေးအနည်းငယ်ကျလာပြီး ကုလားပဲ (929) နှင့် ကုလားပဲ ထိုင်ဝမ်တို့မှာ အဝင်နည်းပြီး ဝယ်ယူမှုများလာသဖြင့် ဈေးအနည်းငယ် တက်လာကြောင်း သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး