ဇွန်လ ဒုတိယအပတ်အတွင်း မုံရွာမြို့၊ ကန်သာယာဈေး၌ ရောင်းဝယ်နေသော အသား/ငါး ဈေးနှုန်းများမှာ အမဲသား တစ်ပိဿာ ၃၈၀၀၀မှ၄၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၄၀၀၀၀မှ၄၂၀၀၀ ကျပ်၊ ကြက်သား CP (အကောင်လုံး) တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ဆိတ်သား တစ်ပိဿာ ၆၅၀၀၀မှ ၇၅၀၀၀ကျပ်၊ ကြက်သား(ဗမာ) တစ်ပိဿာ ၃၀၀၀၀မှ၃၂၀၀၀ ကျပ်၊ ဟိုက်ကြက် တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ ငါးကြင်းနီ တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ဟင်းငန်ငါး တစ်ပိဿာ ၂၈၀၀၀မှ၃၀၀၀၀ ကျပ်၊ တီလားဗီးယား တစ်ပိဿာ ၂၅၀၀၀ ကျပ်၊ ငါးမုတ် တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ငါးမြင်း တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ငါးဖယ်အသားခြစ် တစ်ပိဿာ ၃၅၀၀၀ ကျပ်၊ ငါးကြင်းအသားခြစ် တစ်ပိဿာ ၂၈၀၀၀ ကျပ်၊ ပုဇွန် တစ်ပိဿာ ၄၈၀၀၀မှ၆၀၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ယခင်လဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကြက်သား CP ဈေးနှုန်းသာ အနည်းငယ်မြင့်တက်နေပြီး အမဲသား၊ ဝက်သား၊ ဆိတ်သား၊ ဟိုက်ကြက်၊ ကြက်သား (ဗမာ)၊ တီလားဗီးယား၊ ငါးမုတ်၊ ငါးမြင်း၊ ငါးဖယ်ခြစ်၊ ဟင်းငန် စသည့် ငါးအမျိုးမျိုးတို့သည် ဈေးငြိမ်နေကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး