Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း နှိုင်းယှဉ်မှုအခြေအနေများ

Last Updated:

     မေလတတိယပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန် သီးနှံများထဲမှ ဂျုံဖြူသန့်၊ ပဲတီစိမ်းသေးဈေးငြိမ်၍ ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊ CP ပြောင်းဖူးစေ့ ဈေးနှုန်း အနည်းငယ်ကျဆင်းနေပြီး ပဲတီစိမ်းကြီး၊ ပဲကြီး၊ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲဖြူလုံးကြီး၊ 929 ဈေးနှုန်းများ မြင့်တက်သွားသည်။ မေလတတိယပတ်တွင် သီးနှံများ တစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၅၀၀)ကျပ်၊ ပဲစဉ်းငုံ (၈၁၅၀၀) ကျပ်၊ မတ်ပဲ (၇၁၀၀၀)ကျပ်၊ ပဲတီစိမ်း(ကြီး) (၆၈၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၃၀၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး (၄၅၀၀၀)ကျပ်၊ ပဲနီလုံးကြား (၄၄၅၀၀)ကျပ်နှင့် ပဲကြီးတစ်တင်းလျှင်  (၈၉၀၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင် တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၅၀၀)ကျပ်၊ ပဲစင်းငုံတစ်တင်းလျှင် (၇၉၀၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၆၉၅၀၀) ကျပ်၊ ပဲတီစိမ်း(ကြီး) (၆၅၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၃၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၄၅၀၀၀-၄၇၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်း လျှင် (၄၄၀၀၀-၄၅၀၀၀)ကျပ်နှင့် ပဲကြီးတစ်တင်းလျှင် (၈၈၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူအချိန်နှင့် ဈေးနှုန်းများနှိုင်းယှဉ်ပါက ဂျုံဖြူသန့်၊ ပဲတီစိမ်းသေး ဈေးငြိမ်၍ ပဲနီလုံးရိုးရိုးနှင့် ပဲနီလုံးကြား ဈေးအနည်းငယ်ကျဆင်းနေပြီး ပဲတီစိမ်းကြီး တစ်တင်းလျှင် (၃၀၀၀)ကျပ်၊ ပဲကြီး တစ်တင်း လျှင် (၁၀၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၁၅၀၀) ကျပ်နှင့် ပဲစဉ်းငုံတစ်တင်းလျှင် (၂၅၀၀)ကျပ် မြင့်တက်နေကြောင်းသိရသည်။

          ကုလားပဲ(မျိုးစုံ) ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၇၆၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၇၆၀၀၀)ကျပ်၊ 929 (၇၅၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၇၃၅၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး (၇၃၅၀၀)ကျပ်၊ 929 (၇၂၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခင်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်း နှင့်နှိုင်းယှဉ်ပါက 929၊ ကုလားပဲဖြူ လုံးသေးနှင့် ကုလားပဲဖြူလုံးကြီး ဈေးနှုန်းများမြင့်တက်သွားကြောင်း သိရသည်။ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၃၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၅၀၀)ကျပ်ရှိ၍ ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက CP ပြောင်းဖူးစေ့ ဈေးအနည်းငယ်ကျဆင်းနေကြောင်း သိရပါသည်။

 

                                                                                                                                                                                                                           ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News