စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာကုန်စည်ဒိုင်၌ ရောင်းဝယ်နေသော ကုလားပဲမျိုးစုံဈေးနှုန်း များမှာ စက်တင်ဘာလ ပထမပတ်အတွင်း ကုလားပဲဖြူလုံးကြီး(V2) တစ်တင်း ၇၆၀၀၀ကျပ်၊ ကုလားပဲဖြူလုံးသေး(V3V7) တစ်တင်း ၇၂၀၀၀ကျပ်၊ ကုလားပဲ (929) တစ်တင်း ၇၈၀၀၀ကျပ်၊ ကုလားပဲထိုင်ဝမ် တစ်တင်း ၈၉၀၀၀ကျပ်ဖြစ်ပြီး ပစ္စည်းအရည်အသွေးပေါ်မူတည်၍ ရောင်းဝယ်နေ ကြောင်းသိရပါသည်။
ယခင်အပတ် ကာလတူအချိန်ပေါက်ဈေးနှုန်းမှာ ကုလားပဲဖြူလုံးကြီး (V2)တစ်တင်း ၇၆၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး(V3V7)တစ်တင်း ၇၃၀၀၀ကျပ်၊ ကုလားပဲ (929) တစ်တင်း ၇၈၀၀၀ကျပ်၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ၈၁၅၀၀ကျပ်ဈေးနှုန်းရှိပြီး ယခုအပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲဖြူလုံးကြီး (V2)နှင့် ကုလားပဲ (929) ဈေးငြိမ်၍ ကုလားပဲဖြူလုံးသေးနှင့် ကုလားပဲထိုင်ဝမ် ဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး