Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

       မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းနက် ဈေးငြိမ်နေပြီး နှမ်းဖြူ၊ မြေပဲလုံးဆံဖြူ/နီ ဈေးနှုန်းများအနည်းငယ်မြင့်ကြောင်းသိရသည်။ ယခုတစ်ပတ်တွင် နှမ်းဖြူ တစ်တင်းလျှင် (၁၀၆၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀-၉၅၀၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူပေါက်ဈေးနှုန်းမှာ  နှမ်းဖြူ တစ်တင်းလျှင် (၁၀၅၀၀၀)ကျပ်၊နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀ -၉၅၀၀၀)ကျပ်ရှိပြီး ကာလတူနှိုင်းယှဉ်ပါက နှမ်းနက် ဈေးငြိမ်နေပြီး နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀)ကျပ်ခန့်ဈေးပြန်ကျလာကြောင်းသိရသည်။

          ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့်ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူတစ်ပိဿာ (၆၄၀၀-၆၅၀၀) ကျပ်မြေပဲလုံးဆံနီ တစ်ပိဿာ (၇၀၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၆၈၀၀-၆၉၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၂၀၀)ကျပ်ရှိ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့်နီ ဈေးနှုန်းများ အနည်းငယ်မြင့်တက်ကြောင်းသိရသည်။ ယခုအပတ်ဆီဈေးနှုန်း မှာ ပဲဆီ တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၀၅၀၀ကျပ်ထိ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေကြောင်းသိရပါ သည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News