Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း နှိုင်းယှဉ်မှုအခြေအနေများ

Last Updated:

       မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံများထဲမှ ပဲတီစိမ်းကြီးနှင့်  ပဲတီစိမ်းသေး ဈေးငြိမ်၍ ပဲစဉ်းငုံ၊မတ်ပဲ၊ ပဲတီစိမ်းသေး၊ ပဲကြီး၊ ကုလားပဲဖြူ လုံးကြီး ၊ကုလားပဲဖြူ လုံးသေးနှင့် 929 ပေါက်ဈေးနှုန်းများ မြင့်တက်၍ CP ပြောင်းဖူးစေ့ဈေး အနည်း ငယ်ကျဆင်းနေပါသည်။ ယခုတစ်ပတ်အတွင်း သီးနှံများ တစ်တင်း ပေါက်ဈေး နှုန်းများမှာ ပဲစဉ်းငုံ (၇၅၀၀၀)ကျပ်၊မတ်ပဲ (၆၅၀၀၀)ကျပ်၊ပဲတီစိမ်းကြီး (၄၅၀၀၀မှ၅၀၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၁၀၀၀-၄၂၀၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်း များမှာ ပဲစဉ်းငုံ တစ်တင်းလျှင် (၆၉၇၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၆၁၅၀၀-၆၂၅၀၀)ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် (၄၅၀၀၀-၅၀၀၀၀)ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၄၂၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူနှိုင်းယှဉ်ပါက ပဲတီစိမ်းကြီးနှင့် ပဲတီစိမ်းသေး ဈေးငြိမ်နေပြီး ပဲစဉ်းငုံ တစ်တင်းလျှင် (၅၃၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၂၅၀၀)ကျပ်နှုန်းမြင့်တက် နေကြောင်းသိရသည်။ ယခုတစ်ပတ် ပဲကြီး တစ်တင်းလျှင် (၈၁၀၀၀-၈၂၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ပဲကြီး တစ်တင်းလျှင် (၈၀၀၀၀)ကျပ်ရှိ၍ ယခင်ပတ်နှင့် ယခုပတ်နှိုင်းယှဉ်ပါက ပဲကြီး တစ်တင်းလျှင် (၂၀၀၀)ကျပ် မြင့်တက်ကြောင်းသိရသည်။

        ကုလားပဲ (မျိုးစုံ)ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူ လုံးကြီး   (၇၀၀၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး  (၆၉၀၀၀)ကျပ်၊ 929  (၆၉၁၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူ လုံးကြီး  တစ်တင်းလျှင် (၆၈၀၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး တစ်တင်းလျှင် (၆၇၅၀၀)ကျပ်၊ 929 တစ်တင်းလျှင် (၆၆၅၀၀)ကျပ်ပေါက်ဈေးရှိ၍ ကာလတူနှိုင်းယှဉ်ပါက ကုလားပဲဖြူ လုံးကြီး  တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး တစ်တင်းလျှင် (၁၅၀၀)ကျပ်၊ 929 တစ်တင်းလျှင် (၂၆၀၀)ကျပ်နှုန်း မြင့်တက်နေကြောင်းသိရသည်။ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၉၀၀)ကျပ်ပေါက်ဈေးရှိပြီး ယခင်ပတ်ကာလတူပေါက်ဈေးနှုန်းမှာ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၃၀၀)ကျပ်ရှိ ၍ ကာလတူနှိုင်းယှဉ်ပါက တစ်တင်းလျှင် (၄၀၀)ကျပ်ကျဆင်းကြောင်းသိရသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News