မတ်ပဲ
မတ်ပဲက ယခုတစ်ပတ်အတွင်းမှာ ဈေးပြန်ကျလာတာတွေ့ရပါသည်။ တနင်္လာနေ့နှင့် အင်္ဂါနေ့မှာ တက်ဈေးငြိမ်ပြီး ဗုဒ္စဟူးနေ့ကနေ သောကြာနေ့အတွင်းမှာ ၆၀၀၀၀လောက်ကျသွားတာဖြစ်ပါတယ်။ FOB ဈေးထပ်တက်လာပေမယ့် ပြည်တွင်း မတ်ပဲဈေးက ကျဆင်းသွားတာပါ။ ဝယ်လိုအားနည်းတဲ့အတွက် ဈေးကျတာလို့ သိရပါတယ်။ FOB ဈေးက အမေရိကန်ဒေါ်လာ ၇၃၀မှ ၇၄၀အထိ ရှိလာတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့မှ သောကြာနေ့အတွင်း ၂၉၄၃၀၀၀မှ ၂၉၇၅၀၀၀ကျပ်ရှိခဲ့တာကြောင့် တစ်ပတ်အတွင်းမှာ တစ်တန်ကို ၆၀၀၀၀ကျပ်လောက်ဈေးကျလာတာဖြစ်ပါတယ်။
ပဲစင်းငုံ
ပဲစင်းငုံကတော့ ယခုတစ်ပတ်အတွင်းမှာလည်း ဈေးဆက်တိုက်ထပ်ကျပါတယ်။ အရင်အပတ်နှင့် နှိုင်းယှဉ်ရင် တစ်တန်ကို ၆၀၀၀၀လောက် ဈေးကျလာတာာဖြစ်ပါတယ်။ FOB ဈေးမကျဘဲ ပြည်တွင်း ပဲစင်းငုံဈေးကွက်ပြုတ်ကျလာနေတာဖြစ်ပါတယ်။ ပြည်ပအဝယ်နည်းတဲ့အခြေအနေ၊ ပဲခွဲစက်အဝယ်နည်းတာကြောင့် ဈေးကွက်ကျနေတာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၄၉၈၀၀၀၊ အင်္ဂါနေ့မှာ ၂၄၄၀၀၀၀၊ ဗုဒ္စဟူးနေ့မှာ ၂၄၅၂၀၀၀၊ ကြာသပတေးနေ့မှာ ၂၄၅၁၀၀၀၊ သောကြာနေ့မှာ ၂၄၄၀၀၀၀ဈေးသာရှိပါတယ်။
အရင်တစ်ပတ်တုန်းက တနင်္လာနေ့ကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၅၀၀၀၀၀မှ ၂၅၂၅၀၀၀ကျပ် ရှိခဲ့ပါတယ်။ ဒါကြောင့် တစ်တန်ကို ၆၀၀၀၀လောက်ထပ်ကျလာတာဖြစ်ကြောင်းသိရပါသည်။
Source: Green way page
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး