Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

           ဇွန်လ စတုတ္ထပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာ ထွက်ကုန်သီးနှံများထဲမှ ပဲတီစိမ်းသေး၊ ပဲယင်းဝါ၊ CP ပြောင်းဖူးစေ့ ဈေးငြိမ်၍ ပဲစဉ်းငုံ၊ ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊ ပဲတီစိမ်းကြီး၊ ပဲကြီး၊ ပဲပုတ်စေ့၊ကုလားပဲဖြူလုံးသေး၊ ကုလားပဲဖြူလုံးကြီး၊ 929ဈေးနှုန်းများကျဆင်းသွားပြီး၊  ဂျုံဖြူသန့်၊ မတ်ပဲ၊မြေထောက်ပဲ(ဖြူ)၊ပုဂံပဲဈေးနှုန်း များမြင့်တက်သွားသည်။ ဇွန်လ စတုတ္ထပတ်တွင် သီးနှံများ တစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၄၀၀၀)ကျပ်၊ ပဲစဉ်းငုံ (၉၆၀၀၀)ကျပ်၊ မတ်ပဲ (၇၃၀၀၀-၆၂၀၀၀)ကျပ်၊ ပဲတီစိမ်း (ကြီး) (၅၆၀၀၀-၄၅၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၆၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၀၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၁၅၀၀)ကျပ်၊ မြေထောက်ပဲ(ဖြူ) (၈၄၀၀၀)ကျပ်၊ပုဂံပဲ (၈၅၀၀၀)ကျပ်၊ပဲယင်းဝါ (၅၁၀၀၀)ကျပ်၊ပဲပုတ်စေ့ (၆၅၀၀၀-၇၂၀၀၀)ကျပ်နှင့် ပဲကြီးတစ်တင်းလျှင်  (၉၈၀၀၀) ကျပ်ပေါက်ဈေးရှိသည်။ ယခင် တစ်ပတ်အတွင်း ကာလတူ ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၂၅၀၀-၅၃၅၀၀)ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၇၂၀၀၀)ကျပ်၊ ပဲတီစိမ်း (ကြီး) (၅၈၀၀၀-၄၄၀၀၀)ကျပ်၊ ပဲတီစိမ်း (သေး) (၄၆၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၅၂၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၅၄၀၀၀)ကျပ်၊ မြေထောက်ပဲ(ဖြူ) (၈၂၀၀၀)ကျပ်၊ပုဂံပဲ (၈၁၀၀၀)ကျပ်၊ ပဲယင်းဝါ (၅၁၀၀၀)ကျပ်၊ပဲပုတ်စေ့ (၇၂၅၀၀-၇၃၅၀၀)ကျပ်နှင့် ပဲကြီး တစ်တင်းလျှင် (၉၉၀၀၀-၁၀၀၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူအချိန်နှင့် ဈေးနှုန်းများ နှိုင်းယှဉ်ပါက  ပဲတီစိမ်းသေး၊ ပဲယင်းဝါ ဈေးငြိမ်၍ ပဲတီစိမ်းကြီး တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၆၀၀၀)ကျပ် ၊ပဲနီလုံးကြား တစ်တင်းလျှင် (၂၅၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၁၀၀၀)ကျပ် ၊ပဲကြီး တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ ပဲပုတ်စေ့ တစ်တင်းလျှင် (၁၅၀၀)ကျပ်နှုန်းကျဆင်းသွားပြီး ဂျုံဖြူသန့် တစ်တင်းလျှင် (၅၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၁၀၀၀)ကျပ်၊မြေထောက်ပဲ တစ်တင်းလျှင် (၂၀၀၀)ကျပ်နှင့် ပုဂံပဲ တစ်တင်း လျှင် (၄၀၀၀)ကျပ် မြင့်တက်နေကြောင်းသိရသည်။

     ကုလားပဲ (မျိုးစုံ)ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၈၅၀၀၀)ကျပ်၊ ကုလားပဲ ဖြူလုံးသေး   (၈၅၅၀၀)ကျပ်၊ 929  (၈၅၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်း လျှင် (၉၀၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး  (၉၀၀၀၀)ကျပ်၊ 929  (၈၅၅၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခင်ပတ်အတွင်း ကာလတူ ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက 929 ၊ကုလားပဲဖြူလုံးသေးနှင့် ကုလားပဲဖြူလုံးကြီး ဈေးနှုန်းများ ကျဆင်းသွားကြောင်းသိရသည်။CPပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၈၀၀)ကျပ်ပေါက်ဈေးရှိသည်။ ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ CPပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၈၀၀)ကျပ်ရှိ၍ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက CPပြောင်းဖူးစေ့ ဈေးငြိမ်နေကြောင်းသိရပါသည်။

MT-Monywa

Category: Local News