Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

     စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ပဲတီစိမ်းသေး၊ပဲနီလုံးကြား ပဲနီလုံးရိုးရိုး၊   ပုဂံပဲ၊ ပဲယင်းဝါ၊ ကုဖြူလုံးသေးတို့ ဈေးငြိမ်၍ ၊ ပဲတီစိမ်းကြီး၊Cp ပြောင်းဖူးစေ့၊ကုလားပဲ 929 ဈေးနှုန်းများ ကျဆင်းနေပြီးဂျုံထွက်တိုး၊ ပဲကြီး၊ မတ်ပဲ၊ ကုဖြူလုံးကြီ ကုလားပဲထိုင်ဝမ်စသည် ပဲများအားလုံး ဈေးနှုန်းများ မြင့်တက်လာကြောင်းသိရသည် ယခုတစ်ပတ်အတွင်း သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၇၀၀၀-၆၈၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၆၁၅၀၀)ကျပ်၊ ပဲကြီး (၁၀၈၀၀၀)ကျပ်၊ မတ်ပဲ (၈၁၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၀၀၀၀- ၅၅၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၉၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၆၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၅၅၀၀)ကျပ်၊ ပုဂံပဲ (၉၀၀၀၀)ကျပ်၊ ပဲယင်းဝါ (၅၆၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၂၀၀၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၉၁၀၀၀)ကျပ်၊ ကုလား ဖြူလုံးသေး (၉၂၅၀၀)ကျပ်၊ ကုလားပဲ 929 (၉၀၀၀၀) ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၈၉၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်ပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၈၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၆၄၀၀၀)ကျပ်၊ ပဲကြီး (၁၀၆၅၀၀)ကျပ်၊ မတ်ပဲ (၇၈၀၀၀-၈၀၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၀၀၀၀-၅၆၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၉၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၆၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၅၅၀၀) ကျပ်၊ ပုဂံပဲ (၉၀၀၀၀)ကျပ်၊ ပဲယင်းဝါ (၅၆၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၂၁၀၀၀)ကျပ်၊ ကုလားဖြူလုံးကြီး (၉၀၀၀၀)ကျပ်၊ ကုလားဖြူလုံးသေး (၉၂၅၀၀) ကျပ်၊ ကုလားပဲ 929 (၈၉၅၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် (၈၈၀၀၀) ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ် အတွင်း ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက  ပဲတီစိမ်းကြီတစ်တင်း (၅၀၀၀)ကျပ်း၊Cp ပြောင်းဖူးစေ့ တစ်တင်း (၁၀၀၀)ကျပ်၊ ကုလားပဲ 929တစ်တင်း (၅၀၀)ကျပ်ကျဆင်းသွားကြောင်း၊ဂျုံထွက်တိုး တစ်တင်း (၂၅၀၀)ကျပ်၊ ပဲကြီး တစ်တင်း (၁၅၀၀)ကျပ်၊ ၊ မတ်ပဲ တစ်တင်း (၁၀၀၀)ကျပ်၊ ၊ ကုဖြူလုံးကြီ တစ်တင်း (၁၀၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် တစ်တင်း (၁၀၀၀)ကျပ်အသီးသီးဈေးနှုန်းများ မြင့်တက်လာကြောင်းသိရသည်။

Category: Local News