Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း နှိုင်းယှဉ်မှုအခြေအနေများ

Last Updated:

        ဧပြီလနောက်ဆုံးပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံများထဲမှ ကုလားပဲ929 ဈေးငြိမ်နေပြီး CP ပြောင်းဖူးစေ့၊ မတ်ပဲ၊ ကုလားပဲဖြူ လုံးသေး၊ ကုလားပဲဖြူ လုံးကြီးနှင့် ပဲကြီးဈေးနှုန်းများ မြင့်တက်၍  ပဲစဉ်းငုံနှင့် ဂျုံဖြူသန့် ပေါက်ဈေးနှုန်းများ  အနည်းငယ်ကျဆင်းနေပါသည်။ ယခုတစ်ပတ်အတွင်း သီးနှံများ တစ်တင်း ပေါက်ဈေး နှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၃၅၀၀)ကျပ်၊ ပဲစဉ်းငုံ (၇၄၇၀၀)ကျပ်၊မတ်ပဲ (၆၅၇၀၀-၆၇၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၆၁၀၀၀)ကျပ်ပေါက်ဈေးရှိသည်။ ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်း လျှင် (၅၄၀၀၀-၅၂၀၀၀)ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၇၅၀၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၆၆၅၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူနှိုင်းယှဉ်ပါက မတ်ပဲ တစ်တင်းလျှင် (၅၀၀)ကျပ်မြှင့်တက်နေပြီး၊ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၀၀)ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၃၀၀)ကျပ်နှုန်း ကျဆင်းနေကြောင်းသိရသည်။ ယခုတစ်ပတ် ပဲကြီး တစ်တင်းလျှင် (၈၈၅၀၀-၉၀၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူ ပေါက် ဈေးနှုန်းများမှာ ပဲကြီး တစ်တင်းလျှင် (၈၃၅၀၀)ကျပ်ရှိ၍ ယခင်ပတ်နှင့် ယခုပတ်နှိုင်းယှဉ်ပါက ပဲကြီး တစ်တင်းလျှင် (၅၀၀၀)ကျပ် နှုန်းမြှင့် တက်နေကြောင်းသိရသည်။

        ကုလားပဲ (မျိုးစုံ)ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူ လုံးကြီး   (၇၃၅၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး  (၇၃၅၀၀)ကျပ်၊ 929  (၇၁၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူ လုံးကြီး  တစ်တင်းလျှင် (၇၂၈၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး တစ်တင်းလျှင် (၇၂၈၀၀)ကျပ်၊ 929 တစ်တင်းလျှင် (၇၁၅၀၀)ကျပ်ပေါက်ဈေးရှိ၍ ကာလတူနှိုင်းယှဉ်ပါက 929 ဈေးငြိမ်နေပြီး ကုလားပဲဖြူ လုံးကြီး  တစ်တင်းလျှင် (၇၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး တစ်တင်းလျှင် (၇၀၀)ကျပ်နှုန်း မြင့်တက်သွားကြောင်းသိရသည်။ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၄၀၀)ကျပ်ပေါက်ဈေးရှိပြီး ယခင်ပတ်ကာလတူပေါက်ဈေးနှုန်းမှာ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၃၀၀)ကျပ်ရှိ ၍ ကာလတူနှိုင်းယှဉ်ပါက ဈေးအနည်းငယ်မြှင့်တက်နေကြောင်းသိရသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News