Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

     မေလနောက်ဆုံးပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ်ပိဿာချိန် (၂၀၀၀၀) ခန့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှောက် တင်ပို့လျက်ရှိ ကြောင်းသိရသည်။

      ယခုပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီပေါက်ဈေးနှုန်း များမှာ (၁) ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား (ကြီး) (၂၃၀၀-၂၁၀၀) ကျပ်၊ (လတ်) (၂၀၀၀-၁၈၅၀) ကျပ်၊ (သေး) (၁၇၀၀-၁၄၀၀) ကျပ်ပေါက်ဈေးရှိပြီး အလုံးဆိုဒ် အစိုအခြောက် အရောင်အသွေးပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုများ ရှိနေပါသည်။ ကြက်သွန်နီ လက်လီဈေး နှုန်းများမှာ (ကြီး) (၂၆၀၀-၂၄၀၀) ကျပ်၊ (လတ်) (၂၃၀၀-၂၀၀၀) ကျပ်၊ (သေး) (၁၉၀၀-၁၆၀၀) ကျပ်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) (၈၀၀၀-၈၅၀၀) ကျပ်၊ (ရှမ်းစ) (၆၅၀၀-၇၀၀၀) ကျပ်၊ ကြူကုတ် (၅၅၀၀-၆၀၀၀) ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

 

                                                                                                                                                                                                                               ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News