စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ် ပိဿာချိန် ၂၅၀၀၀ ကျော်ပုံမှန်ဝင်ရောက်လျှက်ရှိပါသည်။ ပွဲရုံသို့ ဝင် ရောက်လာသော ကြက်သွန်နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်၊ မန္တလေးနှင့် ချင်းတွင်းအထက်မြစ်ရိုးတစ်လျှောက် တင်ပို့လျှက်ရှိကြောင်း သိရသည်။
ယခုအပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျှက်ရှိသော ကြက်သွန်နီပေါက်ဈေးနှုန်းများမှာ တစ်ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား (ကြီး) (၁၁၀၀-၁၀၀၀)ကျပ်၊ (လတ်) (၁၀၀၀-၉၀၀)ကျပ်၊ (သေး)(၈၀၀-၇၀၀)ကျပ်ပေါက်ဈေးရှိပြီး အလုံးဆိုက် ၊အစို အခြောက် အရောင် အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိနေပါသည်။ ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ (ကြီး) (၁၄၀၀-၁၂၀၀)ကျပ်၊ (လတ်) (၁၁၀၀- ၁၀၀၀)ကျပ်၊(သေး)(၉၅၀-၈၅၀)ကျပ်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) (၅၀၀၀-၅၅၀၀)ကျပ်၊ (ရှမ်းစ) (၄၀၀၀-၄၅၀၀)ကျပ်၊ ကြူကုတ် (၅၅၀၀-၆၀၀၀)ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး အသီးသီးအရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။