Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

    ဧပြီလပထမပတ် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းဖြူ၊ မြေပဲလုံးဆံနီဈေးငြိမ်၍ နှမ်းနက် ဈေးကျဆင်းပြီး၊ မြေပဲလုံးဆံဖြူဈေးနှုန်းများ အနည်းငယ်မြင့်တက်ကြောင်းသိရသည်။ ယခုတစ်ပတ် တွင် နှမ်းဖြူတစ်တင်းလျှင် (၁၀၅၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၃၀၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းဖြူတစ်တင်းလျှင် (၁၀၅၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၅၀၀၀)ကျပ်ရှိပြီး ကာလတူနှိုင်းယှဉ်ပါက နှမ်းဖြူ ဈေးငြိမ်နေပြီး နှမ်းနက် တစ်တင်းလျှင် (၂၀၀၀)ကျပ် ကျဆင်းသွားကြောင်းသိရသည်။

      ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၇၁၅၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၆၅၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၇၁၅၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၆၄၅၀)ကျပ်၊ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆန်နီ ဈေးငြိမ်နေပြီး မြေပဲလုံးဆံဖြူ ဈေးနှုန်းများ အနည်ငယ် မြင့်တက်နေကြောင်းသိရသည်။ ယခုပတ်ဆီဈေးမှာ ပဲဆီတစ်ပိဿာ ၁၂၅၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၁၀၀၀ ကျပ်မှ ၁၀၅၀၀ ကျပ်ထိ ပေါက်ဈေးရှိပါသည်။

 

                                                                                                                                                                               ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News