Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

             ဧပြီလ ပထမပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံများထဲမှ CP ပြောင်းဖူးစေ့၊ မတ်ပဲနှင့် ပဲကြီးဈေးနှုန်းများ အနည်းငယ်မြင့်တက်နေပြီး ပဲစဉ်းငုံ၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲ 929၊ ကုလားပဲ ဖြူလုံးကြီး၊ ပဲတီစိမ်းသေး၊ ဂျုံဖြူသန့်ဈေးနှုန်းများ အနည်းငယ်ကျဆင်းသွားသည်။ ဧပြီလပထမ အပတ်အတွင်း သီးနှံများ တစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၅၀၀၀-၅၃၀၀၀)ကျပ်၊ ပဲစင်းငုံ (၇၄၅၀၀)ကျပ်၊ မတ်ပဲ (၆၆၀၀၀)ကျပ်၊ ပဲတီစိမ်း (သေး) (၄၀၀၀၀) ကျပ်နှင့် ပဲကြီးတစ်တင်းလျှင် (၈၁၅၀၀)ကျပ်ပေါက်ဈေးရှိသည်။ ယခင်တစ်ပတ်အတွင်း ကာလတူ ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၆၀၀၀-၅၄၀၀၀)ကျပ်၊ ပဲစင်းငုံ တစ်တင်းလျှင် (၇၅၀၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၆၅၅၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၀၀၀၀-၄၁၀၀၀)ကျပ်နှင့် ပဲကြီးတစ်တင်းလျှင် (၇၈၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူအချိန်နှင့် ဈေးနှုန်းများ နှိုင်းယှဉ်ပါက မတ်ပဲ တစ်တင်းလျှင် (၅၀၀)ကျပ်၊ ပဲကြီး တစ်တင်းလျှင် (၃၅၀၀)ကျပ်နှုန်း မြင့်တက်နေပြီး  ပဲစင်းငုံ တစ်တင်းလျှင် (၅၀၀)ကျပ်၊ ဂျုံဖြူသန့် တစ်တင်းလျှင် (၁၀၀၀)ကျပ်နှင့် ပဲတီစိမ်းသေး တစ်တင်းလျှင် (၁၀၀၀)ကျပ် ကျဆင်းနေကြောင်းသိရသည်။

          ကုလားပဲ(မျိုးစုံ) ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၆၈၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး  (၆၇၅၀၀)ကျပ်၊ 929 (၆၆၈၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်အပတ်ကာလတူ ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၆၈၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၈၀၀၀)ကျပ်၊ 929 (၆၇၅၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခင်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် (၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်း လျှင် (၅၀၀)ကျပ်နှင့် 929 တစ်တင်းလျှင် (၇၀၀)ကျပ် ဈေးနှုန်းများ ကျဆင်းသွားကြောင်းသိရသည်။ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၀၁၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင်အပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၉၀၀)ကျပ်ရှိ၍ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက CP ပြောင်းဖူးစေ့ ဈေးအနည်းငယ်မြင့်တက်နေကြောင်းသိရပါသည်။

 

                                                                                                                                                                                   ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News