Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

မုံရွာမြို့အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေ

        မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံများထဲမှ ပဲတီစိမ်းကြီး ဈေးငြိမ်၍ ပဲစဉ်းငုံ၊မတ်ပဲ၊ ပဲတီစိမ်း သေး၊ ပဲကြီး၊ CP ပြောင်းဖူးစေ့ မြင့်တက်နေပြီး ကုလားပဲဖြူ လုံးကြီး ၊ကုလားပဲဖြူ လုံးသေး၊ 929 ကျဆင်းနေသွားပါသည်။ယခုတစ်ပတ်အတွင်း သီးနှံများတစ်တင်းပေါက်ဈေးနှုန်းများမှာ ပဲစဉ်းငုံ (၆၈၆၀၀)ကျပ်၊မတ်ပဲ (၆၀၀၀၀)ကျပ်၊ပဲတီစိမ်းကြီး (၄၅၀၀၀-၅၀၀၀၀)ကျပ်၊ပဲတီစိမ်းသေး (၄၂၀၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ပဲစဉ်းငုံ တစ်တင်းလျှင် (၆၇၅၀၀)ကျပ်၊မတ်ပဲ တစ်တင်းလျှင် (၅၉၅၀၀)ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် (၄၅၀၀၀-၅၀၀၀၀)ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၄၀၀၀၀-၄၁၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူနှိုင်းယှဉ်ပါက ပဲတီစိမ်းကြီး ဈေးငြိမ်နေပြီး ပဲစဉ်းငုံ တစ်တင်းလျှင် (၁၁၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၅၀၀)ကျပ်၊ ပဲတီစိမ်း သေး တစ်တင်းလျှင် (၁၀၀၀)ကျပ် နှုန်းမြင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ် ပဲကြီး တစ်တင်းလျှင် (၆၈၀၀၀-၇၆၀၀၀)ကျပ်ရှိပြီး ယခင် တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ပဲကြီး တစ်တင်းလျှင် (၆၇၅၀၀-၇၃၀၀၀)ကျပ်ရှိ၍ ယခင်ပတ်နှင့် ယခုပတ်နှိုင်းယှဉ်ပါက ပဲကြီး တစ်တင်းလျှင် (၃၀၀၀)ကျပ် မြင့်တက်ကြောင်းသိရသည်။

        ကုလားပဲ (မျိုးစုံ)ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူ လုံးကြီး   (၆၃၅၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး  (၆၂၅၀၀)ကျပ်၊ 929  (၆၂၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူ လုံးကြီး  တစ်တင်းလျှင် (၆၄၀၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး တစ်တင်းလျှင် (၆၃၅၀၀)ကျပ်၊ 929 တစ်တင်းလျှင် (၆၂၅၀၀)ကျပ်ပေါက်ဈေးရှိ၍ ကာလတူနှိုင်းယှဉ်ပါက ကုလားပဲဖြူ လုံးကြီး  တစ်တင်းလျှင် (၅၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး တစ်တင်းလျှင် (၁၀၀၀)ကျပ်၊ 929 တစ်တင်းလျှင် (၅၀၀)ကျပ်နှုန်းကျဆင်းသွားကြောင်းသိရသည်။ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၈၀၀)ကျပ်ပေါက်ဈေးရှိပြီး ယခင်ပတ်ကာလတူပေါက်ဈေးနှုန်းမှာ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၇၀၀)ကျပ်ရှိ ၍ ကာလတူနှိုင်းယှဉ်ပါက တစ်တင်းလျှင် (၁၀၀)ကျပ်နှုန်းမြင့်တက်ကြောင်းသိရသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News