Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

          မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းနက်၊ နှမ်းဝါ၊ နှမ်းနီ၊ နှမ်းညို ဈေးငြိမ်နေပြီး နှမ်းဖြူ ဈေးနှုန်းအနည်းငယ်မြင့်တက်၍ မြေပဲလုံးဆံနီ ဈေးကျဆင်းသွားကြောင်းသိရသည်။ယခုတစ်ပတ်တွင် နှမ်းဖြူ တစ်တင်းလျှင် (၁၀၆၀၀၀)ကျပ်၊နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀-၉၅၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၈၃၀၀၀)ကျပ်၊ နှမ်းနီ တစ်တင်းလျှင် (၈၃၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၈၃၀၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူပေါက်ဈေးနှုန်းမှာ  နှမ်းဖြူ တစ်တင်းလျှင် (၁၀၅၀၀၀)ကျပ်၊နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀-၉၅၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၈၃၀၀၀)ကျပ်၊ နှမ်းနီ တစ်တင်းလျှင် (၈၃၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၈၃၀၀၀)ကျပ်ရှိပြီး ကာလတူနှိုင်းယှဉ်ပါက နှမ်းနက်၊ နှမ်းဝါ၊ နှမ်းနီ၊ နှမ်းညို ဈေးငြိမ်နေပြီး နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀)ကျပ်မြင့် တက်ကြောင်းသိရသည်။

          ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့်ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၁၅၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၄၅၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၃၅၀)ကျပ်ရှိ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ ဈေးနှုန်းများ အနည်ငယ်ကျဆင်းသွားကြောင်းသိရသည်။ ယခုပတ်ဆီဈေးမှာ ပဲဆီ တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊နှမ်းဆီ တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၀၅၀၀ကျပ်ထိ ပေါက်ဈေးရှိပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News