Local News

မုံရွာမြို့တွင်း သစ်သီးဝလံများအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Last Updated:

မုံရွာမြို့တွင်းရှိ သစ်သီးဈေးကွက်တွင် မိုးလေကင်းစင်၍ ရာသီဥတုသာယာနေလျက်ရှိပြီး နယ်မှကားများအဝင်များသဖြင့် သစ်သီးဝလံများ အရောင်းအဝယ်သွက်နေပါသည်။

ယခုတစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်နေသော သစ်သီးဈေးနှုန်းများမှာ ပန်းသီး တစ်လုံး ၂၅၀၀ မှ ၄၀၀၀ကျပ်၊ ပန်းသစ်တော် တစ်လုံး ၆၀၀၀မှ ၈၀၀၀ကျပ်၊ လိမ္မော်သီး တစ်ပိဿာ ၂၀၀၀၀ကျပ်၊ စပျစ်သီး (အလုံးကြီး) တစ်ပိဿာ ၃၈၀၀၀ကျပ်၊ စပျစ်သီး (အလုံးသေး) တစ်ပိဿာ ၂၀၀၀၀ကျပ်၊ လေချုသီး  တစ်ပိဿာ ၁၈၀၀၀ကျပ်၊ ဒူးရင်းသီး တစ်လုံး ၂၅၀၀၀မှ ၄၀၀၀၀ကျပ်၊ ဖရဲသီး တစ်လုံး ၂၀၀၀မှ ၃၅၀၀ကျပ်၊ နာနတ်သီး တစ်လုံး ၁၅၀၀ မှ ၂၀၀၀ကျပ်၊နဂါးမောက်သီး တစ်လုံး ၇၀၀မှ ၁၅၀၀ကျပ်၊ မင်း ဂွတ်သီး တစ်လုံး ၅၀၀မှ၇၀၀ကျပ်၊ ပိန္နဲသီး (တောင်ကြီး) တစ်လုံး ၁၅၀၀၀မှ ၁၈၀၀၀ကျပ်၊ ကျွဲကောသီး တစ်လုံး ၅၀၀၀ကျပ်၊ တည်သီး တစ်လုံး ၃၅၀၀ကျပ်၊ သရက်သီး (ရင်ကွဲ) တစ်လုံး ၅၀၀ မှ ၈၀၀ကျပ်၊ ငှက်ပျောသီး ဖီးကြမ်း တစ်ဖီး ၂၅၀၀မှ ၄၀၀၀ကျပ်၊ ငှက်ပျောသီး (သီးမွှေး) တစ်ဖီး ၂၀၀၀မှ ၂၅၀၀ကျပ်၊ သင်္ဘောသီး တစ်လုံး ၂၀၀၀မှ ၄၀၀၀ကျပ်၊ အုန်းသီး (အရည်သောက်) တစ်လုံး ၂၅၀၀မှ ၃၅၀၀ကျပ်၊ မာလကာသီး ၅၀၀မှ ၁၀၀၀ကျပ်နှုန်းစသည်ဖြင့် သီးနှံအရည်အသွေးပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News