စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးလျာထား ဧကပေါင်း ၁၈၀၀၀၀၀ လျာထားပြီး မိုးစပါးစိုက်တောင်သူများအနေဖြင့် ယခင်က မိုးရေကို အဓိကအားထား စိုက်ပျိုးရာမှ ယခုအခါတွင် ရေလှောင်တမံများ၊ ရေလွှဲဆည်များ၊ မြစ်ရေတင်များမှ ရေကိုအဓိကအားထား စိုက်ပျိုးပြီး လိုအပ်ပါက စက်ရေတွင်းများမှ မြေအောက်ရေများကို ရေတင်စိုက်ပျိုးကြပါသည်။
ဩဂုတ်လ ပထမအပတ်တွင် မိုးစပါး ဧကပေါင်း ၆၀၀၀၀၀ခန့် စိုက်ပျိုးပြီးစီးလျက်ရှိပြီး အများဆုံးစိုက်ပျိုးပြီးစီးသော ခရိုင်မှာ ကောလင်းခရိုင် ဧကပေါင်း ၁၂၀၀၀၀ကျော်၊ ကလေးခရိုင် ဧကပေါင်း ၉၀၀၀၀ကျော်၊ ကသာခရိုင် ဧကပေါင်း ၇၀၀၀၀ကျော်၊ ရေဦးခရိုင် ဧကပေါင်း ၆၀၀၀၀ကျော်၊ ယင်းမာပင်ခရိုင် ဧကပေါင်း ၅၀၀၀၀ကျော်၊ ကန့်ဘလူခရိုင် ဧကပေါင်း ၄၇၀၀၀ကျပ်၊ တမူးခရိုင် ဧကပေါင်း ၃၀၀၀၀ကျော်၊ မော်လိုက်ခရိုင် ဧကပေါင်း ၂၉၀၀၀ကျော်၊ နာဂဒေသတွင် ဧကပေါင်း ၂၆၀၀၀ကျော်၊ ရွှေဘိုခရိုင် ဧကပေါင်း ၂၅၀၀၀ကျော်၊ ဟုမ္မလင်းခရိုင် ဧကပေါင်း ၁၂၅၀၀ကျော်၊ မုံရွာခရိုင် ဧကပေါင်း ၉၈၀၀ခန့်၊ စစ်ကိုင်းခရိုင် ဧကပေါင်း ၇၀၀၀ခန့်နှင့် ခန္တီးခရိုင် ဧကပေါင်း ၆၂၀၀ကျော် စိုက်ပျိုးပြီးစီးနေကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှုးရုံး