Local News

အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Last Updated:

     အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ၏ ဦးစားပေးကဏ္ဍတစ်ခုဖြစ်သော အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ကြပါသည်။

             အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာဝင်းဌေးက ကဏ္ဍကော်မတီကို Update ပြုလုပ်ခြင်း၊ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသူများက အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်များကို ပြင်ဆင်/ ဖြည့်စွက်ရန်၊ သက်ဆိုင်ရာ ဌာန/အသင်းအဖွဲ့များအလိုက် လုပ်ငန်းစီမံချက် (Plan of Actions – PoAs) ပါ လုပ်ငန်းစဉ်များအပေါ်တွင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ ကော်မတီဥက္ကဌဖြစ်သည့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ အစည်းအဝေးခေါ်ယူပြီး ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းစီမံချက်ကို Update  ပြုလုပ်နိုင်ရေးဆွေးနွေးရန်၊ PoA ပါ လုပ်ငန်းစဉ်များကို ဦးဆောင်အကောင်အထည်ဖော်မည့် ဌာနအဖြစ် အဆိုပါလုပ်ငန်းစဉ်ကို လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့်/ဆောင်ရွက်နိုင်မည့် ဌာနများကို ဆွေးနွေးရွေးချယ်ကြရန်၊ နိုင်ငံတကာဈေးကွက် သို့တင်ပို့ရာတွင် လိုအပ်သည့် GMP ၊ GHP နှင့် HACCP ကဲ့သို့သော အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်သည့် အာမခံချက်ရှိသော အဖွဲ့အစည်းများပေါ်ပေါက်လာစေရန်နှင့် စစ်ဆေးပေးနိုင်သောအဖွဲ့အစည်း Network တစ်ခုကို ထူထောင်ရန်၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် အရည်အသွေးဆိုင်ရာလိုအပ်ချက်များကို သီးခြားအစည်းအဝေးကျင်းပပြီး ရှင်းလင်းဆွေးနွေးပေးရန်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် PoA ပါ လုပ်ငန်းစဉ်များကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် အကောင်အထည်ဖော်ရန်အတွက် အစိုးရဌာနများအနေဖြင့် ဘဏ္ဍာငွေကြိုတင် တင်ပြတောင်းခံနိုင်ရေးဆောင်ရွက်ရန်၊ ကဏ္ဍ၏ လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရေး အစိုးရ-ပုဂ္ဂလိက ညှိနှိုင်းပူးပေါင်း၍ ဆောင်ရွက်သွားရန်စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၂:၂၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

 

  

Category: Local News