International News

ထိုင်းနိုင်ငံ၊ National Shippers’ Council က နိုင်ငံ၏ ပို့ကုန်ကို ၅ ရာခိုင်နှုန်း တိုးတက်မှုရရှိရန် ရည်မှန်းထား

Last Updated:

ဘတ်ငွေတန်ဖိုးမြင့်တက်နေခြင်းနှင့် လက်ရှိ ပထဝီဝင်နိုင်ငံရေးတင်းမာမှုများကြောင့် နှစ်စဉ် ပို့ကုန်တိုးတက်မှုပျမ်းမျှ မျှော်မှန်းထားချက်ကို ၅ ရာခိုင်နှုန်း သတ်မှတ်ပေးနိုင်ရန် ဝန်ကြီးချုပ်အား တောင်းဆိုလိုက်ကြောင်း သိရှိရပါသည်။

ယခုနှစ်အတွင်း ပို့ကုန်ကို ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအတွင်း တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၉၀ ဘီလီယံ တိုးတက်မှုရှိရန် မျှော်မှန်းထားပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကုန်စည်များ တင်သွင်း မှု မြင့်တက်လျက်ရှိသဖြင့် ဩဂုတ်လမှ စက်တင်ဘာလအတွင်း ပို့ကုန်အပေါ် သက်ရောက်မှု ကောင်း မွန်နိုင်ကြောင်း၊ ဘတ်ငွေကြေးခိုင်မာမှုသည် လာမည့်နှစ်စောပိုင်းအထိ ခံနိုင်ရည်ရှိနိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊ ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်တွင် မသေချာမှုများ ရှိနေပါကြောင်း၊ ဘတ်ငွေခိုင်မာနေ ခြင်းသည် ယှဉ်ပြိုင်ဘက်များနှင့် နှိုင်းယှဉ်ပါက ထိုင်းပို့ကုန်ဈေးနှုန်းကို မြင့်တက်စေပါကြောင်း၊ ဥရောပ နှင့် အရှေ့အလယ်ပိုင်း ပထဝီဝင်နိုင်ငံ‌ရေး တင်းမာမှုများ၊ တရုတ်ပစ္စည်းများအပေါ် တင်သွင်းခွန် တိုးမြှင့်ကောက်ခံမှုကြောင့် အာရှဈေးကွက်အတွင်း တရုတ်ပစ္စည်းများ လွှမ်းမိုးလာနိုင်မှု၊ သင်္ဘောတင် ပို့ခများမြင့်တက်လာမှု၊ လက်ရှိ အမေရိကန်အလုပ်သမား အငြင်းပွားမှုကြောင့် ထုတ်လုပ်မှုကဏ္ဍတွင် တန်ဖိုးကွင်းဆက်ကို ထိခိုက်လာနိုင်ပါကြောင်း ကောင်စီ ဥက္ကဋ္ဌ Mr. Chaichan Chareonsuk က ပြောကြားခဲ့ပါသည်။

အသေးစားနှင့် အလတ်စား တင်ပို့သူများသည် ပို့ကုန်အတွက် ရည်ရွယ်သည့် ထုတ်လုပ်မှုတွင် ငွေဖြစ်လွယ်မှု ပြတ်လပ်မှုကြုံတွေ့နေရကြောင်း၊ ထိုင်းနိုင်ငံ၏ စီးပွားရေဂ တိုးတက်စေရန် နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးသည့်  “Trading Nation” မဟာဗျူဟာကို လက်ခံသင့် ကြောင်း၊ အစိုးရအနေဖြင့် ပို့ကုန်ပြန်လည်တည်ဆောက်ရာတွင် ၂၀၃၂ ခုနှစ်၌ ကုန်သွယ်ရေးနိုင်ငံ ဖြစ်စေမည့် ရည်မှန်းချက်ကို ပြည့်မီရန်သာမက နိုင်ငံ၏ ပို့ကုန် ယှဉ်ပြိုင်မှုနှင့် စဉ်ဆက်မပြတ် တိုးတက် မှုဖြင့် ၅ ရာခိုင်နှုန်း ပို့ကုန်တိုးတက်မှုရှိရန်ဖြစ်ကြောင်း၊ လာမည့်နှစ်အစမှစ၍ ကုန်သွယ်ရေး နိုင်ငံ ဖြစ်စေရန် ၈ နှစ် မဟာဗျူဟာ အစီအစဉ်ကို တင်ပြသွားမည် ဖြစ်ကြောင်း၊ တတိယ ၃ လပတ်တွင် ပို့ကုန် အနည်းဆုံး ၂ ရာခိုင်နှုန်း တိုးတက်ရန် ခန့်မှန်းထားပါကြောင်း၊ စတုတ္ထ ၃ လပတ်တွင် သင်္ဘော တင်ပို့မှုတွင် ရာဘာ၊ ကားတာယာများနှင့် တိရစ္ဆာန်အစာများ တိုးတက်မှု ရှိလာနိုင်မည်ဖြစ်ကြောင်း၊ ဘတ်ငွေခိုင်မာမှုသည် ရေတိုတွင် ပို့ကုန်အပေါ် သက်ရောက်မှုမရှိသော်လည်း ပို့ကုန်လုပ်ငန်းရှင်များ၏ အမြတ်တွင်မူ သက်ရောက်မှုရှိကြောင်း Mr. Chaichan က သုံးသပ်ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News