International News

ထိုင်းနိုင်ငံအတွင်းရှိ ပြည်နယ်များစွာသို့ ရေလွှမ်းမိုးမှုဖြစ်ပေါ်လာနိုင်သဖြင့် စိုက်ပျိုးရေးထုတ်ကုန် များ၏ ဈေးနှုန်းများ များစွာမြင့်တက်မှုမရှိစေရေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စောင့်ကြည့်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံအတွင်းရှိ ပြည်နယ်များစွာသို့ ရေလွှမ်းမိုးမှုဖြစ်ပေါ်လာနိုင်သဖြင့် စိုက်ပျိုးရေးထုတ်ကုန်များ၏ ဈေးနှုန်းများ များစွာမြင့်တက်မှုမရှိစေရေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါသည်။

ပြည်နယ်အများစုတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သဖြင့် ထောက်ပံ့မှု လျော့နည်းခဲ့သောကြောင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက မြင့်တက်လျက်ရှိကြောင်း၊ Hom mali ဆန်၏ ဈေးကွက်ပေါက်ဈေးသည် ၁ တန်လျှင် ဘတ် ၁၆,၀၅၀ ဖြစ်ပြီး ဆန်ဖြူသည် ၁ တန်လျှင် ဘတ် ၁၁,၃၀၀ နှင့် ကောက်ညှင်းဆန်သည် ၁ တန်လျှင် ဘတ် ၁၃,၉၀၀ ဖြစ်ကြောင်း၊ ပီလောပီနံ ၁ ကီလိုဂရမ်လျှင် ၂.၉၅ ဘတ် ဈေးနှုန်းသတ်မှတ်ထားပြီး ပြောင်း (စိုထိုင်းမှုအဆင့် ၁၄.၅ ရာခိုင်နှုန်း) ၁ ကီလိုဂရမ်လျှင် ၁၁.၄၀ ဘတ်နှင့် ဆီအုန်း ၁ ကီလိုဂရမ်လျှင် ၆.၅၀ ဘတ်ဖြစ်ကြောင်း၊ အသားဈေး နှုန်းသည် တည်ငြိမ်လျက်ရှိပြီး ဝက်သား ၁ ကီလိုဂရမ်လျှင် ၁၃၇.၄၄ ဘတ်၊ ကြက်ဥပျမ်းမျှဈေးနှုန်း (ဆိုဒ် ၃) ၁ လုံးလျှင် ၄.၂၃ ဘတ်ဖြင့် ယခင်အပတ်နှင့် ဈေးနှုန်းတူညီပါကြောင်း ပြည်တွင်းကုန်သွယ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Wattanasak Sur-iam က ပြောကြားခဲ့ပါသည်။

ရေထွက်ပစ္စည်းများဖြစ်သော တီလားဗီးယား၊ ပလာသပ်သင်း (ပတ္တမြားတီလားဗီးယား)၊ ငါးခူ နှင့် ပုဇွန်ဖြူ (၁ ကီလိုဂရမ်လျှင် ၇၀ ကောင်) ၁ ကီလိုဂရမ်လျှင် ၁၈၇ ဘတ် ဖြင့် ဈေးနှုန်း တည်ငြိမ် နေပါကြောင်း၊ ယခုနှစ်သည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက တည်ငြိမ်ပြီး ဈေးနှုန်းအမြင့် ရရှိသဖြင့် ထိုင်းသစ်သီးများအတွက် ရွှေရောင်နှစ်ဖြစ်ပါကြောင်း၊ ဒူးရင်းသီးနှင့် မင်းဂွတ်သီးများကို တောင်ပိုင်း တွင် စိုက်ပျိုးလျက်ရှိပြီး ကနစိုသီးသည် လာမည့်လတွင် ဈေးကွက်အတွင်းဝင်ရောက်လာတော့မည် ဖြစ်ကြောင်း၊ ကနစိုသီးစိုက်ပျိုးထွက်ရှိမှုသည် ယခုနှစ်အတွင်း တန်ချိန် ၄၀,၀၀၀ သို့ ရောက်ရှိရန် ခန့်မှန်းထားပြီး တောင်သူများက ဒူးရင်းသီးအစား စိုက်ပျိုးကြခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

ဗဟိုနှင့် နယ်ဒေသများရှိ လတ်ဆတ်ဟင်းသီးဟင်းရွက်များ၏ လက်လီ/လက်ကားဈေးနှုန်းများ ကို စောင့်ကြည့်လျက်ရှိကြောင်း၊ ဇူလိုင်လကတည်းက မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မြောက်ပိုင်း ဒေသများရှိ သီးနှံများတွင် ရေလွှမ်းမှုဒဏ်ခံစားခဲ့ရသောကြောင့် ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းများ သည် သိသိသာသာမြင့်တက်လာခဲ့ပါကြောင်း၊ ထိုင်ဝမ်မုန်ညင်း၊ ဂေါ်ဖီထုပ်၊ နံနံပင်နှင့် ကြက်သွန်မြိတ် များ၏ ဈေးနှုန်းများသည် မြင့်တက်လာနိုင်ကြောင်း၊ အဓိက စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက်များ ဖြစ်သည့် တာလတ်ထိုင်း၊ တာလတ်ဆီမန်မြောင်နှင့် တာလတ်ဆီရီမြောင်တို့ရှိ ဟင်းသီးဟင်းရွက် ရောင်းချနေမှုကို စောင့်ကြည့်ပြီးနောက် ရေလွှမ်းမှုဒဏ်ခံခဲ့ရသဖြင့် ဟင်းသီးဟင်းရွက်များ ဈေးကွက်သို့ ဝင်ရောက်မှုပမာဏသည် လျော့နည်းနိုင်သည်ကို တွေ့ရှိခဲ့ရပါကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.  Goranij Nonejuie က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

အလယ်ပိုင်းဒေသတွင် ရေလွှမ်းမိုးမှုဒဏ်မခံစားရသဖြင့် ဟင်းသီးဟင်းရွက်ထောက်ပံ့နိုင်မှုသည် လုံလောက်ပါကြောင်း၊ ပြည်သူများ၏ နေထိုင်မှုစရိတ် လျှော့ချစေရန် ဒေသတစ်ခုချင်းစီရှိ ဈေး များ၊ လက်လီ/လက်ကားဈေးများ၌ စိုက်ပျိုးရေးထုတ်ကုန်များကို ဈေးနှုန်းနည်းနည်းဖြင့် ရောင်းချရန် ချိတ်ဆက်ထားပါကြောင်း၊ ဗန်ကောက်ရှိ ရွေ့လျားဆိုင် ၁၀၀ တွင်လည်းကောင်း၊ အိမ်ယာများတွင် လည်းကောင်း ဝယ်ယူနိုင်ပါကြောင်း၊ ဟင်းသီးဟင်းရွက်များ ပြတ်လပ်သွားမှု သို့မဟုတ် ဈေးနှုန်းမြင့် မားမှုမရှိစေရေး စောင့်ကြည့်ရန် ပြည်နယ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးများသို့ လမ်းညွှန်မှာကြားထားပါကြောင်း Mr.  Goranij ဆက်လက် ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News