International News

ထိုင်းနိုင်ငံရှိ အွန်လိုင်းပလက်ဖောင်းမှ ရောင်းချမှုများကို အခွန်စနစ်အတွင်းသို့ သွတ်သွင်းရန် ဘဏ္ဍာ ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံရှိ အွန်လိုင်းပလက်ဖောင်းများသည် တန်ဖိုးမြှင့်ခွန် (Value-added Tax-Tax) အတွက် မှတ်ပုံတင်ရမည်ဟု အစိုးရအဖွဲ့ကခွင့်ပြုပြီးနောက် အွန်လိုင်းပလက်ဖောင်းမှ ရောင်းချမှုများ အားလုံးကို အွန်စနစ်အတွင်းသို့ သွတ်သွင်းရန် ဘဏ္ဍာရေးဝန်ကြီး ဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

အွန်လိုင်းရောင်းချမှုများသည် ထိုင်းနိုင်ငံတွင် VAT အတွက် မှတ်ပုံတင်ရန် လိုအပ်ပြီး တစ်ဦးချင်း ဝင်ငွေခွန်နှင့် ကော်ပိုရိတ်ဝင်ငွေခွန်လည်း ပေးဆောင်ရမည့် အခွန်ကုဒ်ကို အခွန်ဦးစီးဌာနက ပြင်ဆင် သွားမည်ဖြစ်ကြောင်း၊ VAT အတွက် မှတ်ပုံတင်ရန် လိုအပ်ရခြင်းမှာ အခွန်ဦးစီးဌာနက အဆိုပါ လုပ်ငန်း များ၏ ငွေကြေးလွှဲပြောင်းမှု အချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်ရန် ဖြစ်ကြောင်း၊ တင်သွင်း လာသော ကုန်စည်များ၏ တန်ဖိုးသည် ဘတ် ၁,၅၀၀ အောက်လျော့နည်းပါက VAT ကင်းလွတ်ခွင့်ပေး ခဲ့ခြင်းကို အစိုးရအဖွဲ့က ရုတ်သိမ်းခဲ့ပြီး ဇူလိုင်လ ၅ ရက်နေ့မှစ၍ ပထမဆုံးဘတ်မှ စ၍ VAT ကောက် ခံရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရခြင်းမှာ တင်သွင်းကုန်စည်များ အထူးသဖြင့် တရုတ် ပစ္စည်းများနှင့် ပြည်တွင်းအသေးစားနှင့် အလတ်စား စီးပွား‌ရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ပစ္စည်း များအကြား အခွန်မျှတမှုရှိစေရန် ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၁ ခုနှစ်တွင် အခွန်ဦးစီးဌာနက နိုင်ငံခြား အွန်လိုင်းပလက်ဖောင်းများက ထိုင်းနိုင်ငံအတွင်း ဝန်ဆောင်မှုပေးသော အီလက်ထရောနစ် ဝန်ဆောင်မှုများအပေါ် VAT  စတင်ကောက်ခံခဲ့ပြီး ထိုင်းလုပ်ငန်း များအတွက် မျှတသော VAT ကောက်ခံမှုဖြစ်စေရန်ဖြစ်ကြောင်း၊ နိုင်ငံခြား အွန်လိုင်းဝန်ဆောင်မှု ပလက်ဖောင်းများတွင် အွန်လိုင်းကြော်ငြာဝန်ဆောင်မှုများ၊ E-commerce ဝန်ဆောင်မှုများ၊ ရုပ်ရှင် များ၊ တေးဂီတများနှင့် ဂိမ်းများလွှင့်သော ပလက်ဖောင်းများ၊ ပို့ဆောင်ရေး ဝန်ဆောင်မှုများ၊ ဟိုတယ် နှင့် ခရီးသွားလက်မှတ်များဆောင်ရွက်သော အွန်လိုင်းခရီးသွားအေဂျင်စီများ စသည်တို့ပါဝင်ကြောင်း သိရှိရပါသည်။

E-service အခွန်ဥပဒေသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ပါ ကြောင်း၊ ထိုင်းနိုင်ငံအတွင်း VAT အတွက် မှတ်ပုံမတင်ထားသော အသုံးပြုသူများကို ဝန်ဆာင်မှု ပေးလျက်ရှိပြီး ၁ နှစ်လျှင် ဝန်ဆောင်မှုဝင်ငွေ ဘတ် ၁.၈ သန်းအထက် ရရှိသော အွန်လိုင်းဝန်ဆောင်မှု ပေးသူများသည် အခွန်ဦးစီးဌာန ဝက်ဘ်ဆိုဒ်စာမျက်နှာတွင် VAT Electronic System (VES) တွင် မှတ်ပုံတင်ရန် ဖြစ်ကြောင်း၊ ယခင်က နှစ်စဉ်ဝင်ငွေ ဘတ် ၁.၈ သန်း ထက်ပိုသော ထိုင်းအွန်လိုင်း လုပ် ငန်းများသည်  မှတ်ပုံတင်ရပြီး VAT ပေးဆောင်ရသော်လည်း တူညီသော ဝန်ဆောင်မှုပေးသည့် နိုင်ငံခြား အွန်လိုင်းလုပ်ငန်းများသည် မှတ်ပုံတင်ရန်နှင့် VAT ပေးဆောင်ရန်တို့ မဆောင်ရွက်ရပါ ကြောင်း သိရှိရပါသည်။

နိုင်ငံခြားပစ္စည်းများ တရားမဝင်ရောင်းချမှုကို ကာကွယ်ရန်နှင့် နှိမ်နင်းရန်အတွက် အစိုးရအဖွဲ့ က အဓိက အစီအမံ ၅ ခုကို သတ်မှတ်ခဲ့ပါကြောင်း၊ ယင်းတို့တွင် အကောက်ခွန်၊ ကော်ပိုရိတ် ဝင်ငွေခွန်၊ VAT၊ Anti-dumping Tax နှင့် Anti-circumvention Tax တို့အပြင် သွင်းကုန်များ မြင့်တက်မှုကို ကာကွယ်ရန် Safeguard အစီအမံများလည်း ပါဝင်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News