International News

ထိုင်းနိုင်ငံ၏ Soft Power ကို ပြသနိုင်ရန်အတွက် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Times Square တွင် Ignite Thailand Festival ကို ကျင်းပပြုလုပ်ခဲ့ခြင်း

Last Updated:

အမေရိကန်နိုင်ငံ၌ ထိုင်း အစားအစာ၊ ဖက်ရှင်နှင့် Soft Power ကို မြှင့်တင်ရန်ရည်ရွယ်၍ နယူးယောက်မြို့၊ Times Square တွင် Ignite Thailand Festival ကို ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

ပြပွဲတွင် ထိုင်းနိုင်ငံမှ အရည်အသွေးမြင့် ထုတ်ကုန်များနှင့် တံဆိပ်များကို ပြသနိုင်ခဲ့သဖြင့် မှတ်ကျောက်တင်နိုင်ခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက လက်ခံ ကျင်းပခဲ့သည့် ပြပွဲသည် ထိုင်းယဉ်ကျေးမှုကို ပြသခဲ့ရုံသာမက ကမ္ဘာ့ဈေးကွက်တွင် ထိုင်းနိုင်ငံသည် ယုံကြည်ရပြီး တီထွင်ဆန်းသစ်သော ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြောင်း နိုင်ငံ၏ ရပ်တည်မှုကိုပါ ပြသခဲ့ပါကြောင်း၊ နေထိုင်မှုပုံစံထုတ်ကုန်များ၊ အစားအစာနှင့် ဖက်ရှင်တွင် ထိုင်းနိုင်ငံ၏ ဦးဆောင်မှုကို ပြသသော “Think Thailand, Next Level” လှုပ်ရှားမှုနှင့်လည်း ကိုက်ညီသည့် ပြပွဲဖြစ်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာအနှံ့ရှိ အခြားသော မြို့များတွင်လည်း ယင်းကဲ့သို့ ပြပွဲများ ဆောင်ရွက် သွားရန် လျာထားပြီး လာမည့်လတွင် ယူကေ၌ ကျင်းပသွားရန်ရှိကြောင်း၊ ပြပွဲသည် ထိုင်းထုတ်ကုန် များနှင့် တံဆိပ်များကို နိုင်ငံတကာစင်မြင့်ထက်သို့ မြှင့်တင်နိုင်ရန် အခွင့်အလမ်းပေးပါကြောင်း အမြဲ တမ်းအတွင်းဝန် Mr. Vuttikrai Leewiraphan က ပြောကြားခဲ့ပါသည်။

ပြခန်း ၁၉ ခန်းဖြင့် ပြည်သူများသို့ ပြသခဲ့ပြီး ဒီဇိုင်းကောင်းမွန်သော ထိုင်းဖက်ရှင်၊ နေထိုင်မှု ပုံစံ ထုတ်ကုန်များ၊ မာမားခေါက်ဆွဲခြောက်၊ Dek Somboon ပဲပုတ်ဆော့စ်၊ Chao Koh အုန်းနို့နှင့် Amphol Food အသီးရေခဲမုန့်တို့ပါဝင်ကြောင်း၊ ထိုင်းဟင်းများ ချက်ပြုတ်ပြသခဲ့ပြီး ကြော်ငြာဘုတ်တွင်လည်း ပြသခဲ့ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News