International News

အိန္ဒိယသည် ဘာစမာတီဆန်အတွက် အနိမ့်ဆုံးပို့ကုန်တန်ဖိုးသတ်မှတ်ချက်အား ဖယ်ရှားလိုက်သောကြောင့် ပို့ကုန်သမားများအတွက် ဝယ်လိုအားတိုးလာ

Last Updated:

ဘာစမာတီဆန် တစ်တန်လျှင် အနိမ့်ဆုံး ပို့ကုန်သတ်မှတ်ဈေးနှုန်း (MEP) အမေရိကန် ဒေါ်လာ ၉၅၀  ကို အိန္ဒိယအစိုးရက ဖယ်ရှားလိုက်သောကြောင့် ပို့ကုန်လုပ်ငန်းရှင်များသည် ကမ္ဘာ တစ်ဝှမ်းရှိ ဝယ်သူများထံသို့ စုံစမ်းမှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။ကမ္ဘာလုံးဆိုင်ရာ အမှာစာနည်းပါးခြင်းကြောင့် ဆက်တိုက်ကျဆင်းနေသည့် ဘာစမာတီ ဆန်ဈေးနှုန်း တည်ငြိမ်စေရန် အစိုးရ၏ဆုံးဖြတ်ချက်က အထောက်အကူဖြစ်စေမည်ဟု ဘာစမာ တီဆန်တင်ပို့သူများက ပြောကြားထားပြီး  ဘာစမာတီဆန်ဈေးနှုန်းများသည် လက်ကားဈေး ကွက်၌  ကနဦးတွင်တစ်ကီလိုလျှင် ၅၅ ရူပီးမှ ၆၅ ရူပီးအထိ မြင့်တက်လာဖွယ်ရှိသည်ဟု ခန့်မှန်း ထားကြောင်း သိရှိရသည်။ ၂၀၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယသည် ဘာစမာတီဆန် တန်ချိန် ၅.၂၄ သန်း၊ တန်ဖိုးကန်ဒေါ်လာ ၅.၈၃ ဘီလီယံ စံချိန်တင် တင်ပို့ခဲ့သည်။

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဆန်တင်ပို့ရောင်းချသူများ အသင်း (All India Rice Exporters Association - AIREA) ၏ ဥက္ကဋ္ဌဟောင်းနှင့် Chamanlal Setia Exports ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Vijay Setia က “ဆန်တင်ပို့သူများသည် ဘာစမာတီဆန်အတွက် စုံစမ်းမေး မြန်းမှုတွေ စတင်နေပြီဖြစ်ကြောင်း၊  အစိုးရ၏ လုပ်ဆောင်ချက်သည် ဈေးကွက်တွင် ဘာစမာတီ ဆန်ဈေးနှုန်းကို တည်ငြိမ်အောင် ကူညီပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားထားသည်။ဘာစမာတီဆန် တစ်တန်လျှင် ကန်ဒေါ်လာ ၉၅၀ သတ်မှတ်ထားသော MEP ကြောင့် ဝယ်သူတင်သွင်းသူ အများအပြားသည် အိန္ဒိယပေါက်ဈေးထက်နိမ့်သော ဘာစမာတီဆန်ကို ပါကစ္စတန်ဈေးကွက်မှ ပြောင်းရွှေ့ဝယ်ယူခဲ့ကြသည်။

RiceVilla ၏ စီအီးအိုဖြစ်သူ Suraj Agarwal က ကာလတိုတွင် ဘာစမာတီဆန်၏ ဈေးနှုန်း သည် နည်းနည်းတက်သွားနိုင်သော်လည်း  ရေရှည်တွင် ပြန်လည်ကျဆင်းလာနိုင်ကြောင်း၊ ယခု နှစ်တွင် အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်ထွက်ရှိမှုမှာ ၂၅ ရာခိုင်နှုန်း ပိုမိုထွက်ရှိလာနိုင်ကြောင်း နှင့် အိန္ဒိယနှင့် နိုင်ငံတကာဈေးကွက်တွင်  ပြီးခဲ့သည့်နှစ်လက်ကျန်မှာလည်း များစွာရှိနေသေး ကြောင်း ပြောကြားထားသည်။ ပထဝီဆိုင်ရာအညွှန်းအမှတ်အသားပါသော ဘာစမာတီဆန်ကို ပန်ဂျတ်၊ ဟာရီနာ၊ အ နောက်ဥတ္တပရာဒေ့ရှ်၊ ဂျမူး - ကတ်ရှ်မီးယားနှင့် ဥတ္တရခန်တို့ရှိ   ခရိုင် ၇၀ တွင် စိုက်ပျိုးကြသည်။ အနံ့အရသာကောင်းမွန်သော ကောက်နှံရှည်ဆန်များသည် ကမ္ဘာ့ဈေးကွက်များတွင် ပရီမီယံ ဆန်ပြီး  အိန္ဒိယ၏ ဘာစမာတီဆန်သည် ကမ္ဘာ့ဆန်မွှေးဈေးကွက်တွင် ၈၀ ရာခိုင်နှုန်း ဝေစုရှိပြီး ပါကစ္စတန်သည် ဘာစမာတီဆန်တင်ပို့မှုတွင် ဝေစု ၂၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း သိရှိရသည်။

 

Source : Exporters see increased demand as India removes basmati rice MEP, The Economic Times, 14 September, 2024.

မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: International News