Local News

မြစ်ကြီးနားမြို့တွင် လက်ရှိဖြစ်ပေါ်နေသော အသား/ငါးနှင့် စားဖိုဆောင်သီးနှံဈေးနှုန်းများ

Last Updated:

     မြစ်ကြီးနားမြို့၏ အသား/ငါးနှင့် စားဖိုဆောင်သီးနှံဈေးနှုန်းများ ယခုလက်ရှိ အသား/ငါး ဈေးနှုန်း များမှာ ကြက်သား (CP) တစ်ပိဿာ ၃၂၀၀၀ ကျပ်၊ (ဗမာ) တစ်ပိဿာ ၄၈၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ(ပေါင်) ၅၀၀၀၀ ကျပ်၊ အမဲသား(ပေါင်) တစ်ပိဿာ ၃၅၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၂၆၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၂၃၀၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ ကြက်သွန်နီဈေးမှာ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူဈေးနှုန်းမှာ (ရှမ်း) တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၈၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ လျှင် ၃၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာဈေးမှာ ၆၀၀၀ ကျပ်၊ ချင်း(ဂျင်း) တစ်ပိဿာ ၈၀၀၀ ကျပ်၊ ကုလားပဲ တစ်ပိဿာ ၉၀၀၀ ကျပ်၊ မြေပဲဆံ တစ်ပိဿာ ၁၂၀၀၀ ကျပ်နှင့် ကြက်ဥဈေးနှုန်းမှာ တစ်လုံး ၆၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသည်။ စားသုံးဆီဈေးနှုန်းများမှာ ပဲဆီ(ရှယ်) တစ်ပိဿာ ၃၀၀၀၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ မုန့်ညှင်းဆီ တစ်ပိဿာ ၂၈၀၀၀ ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။ 

ကချင်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News