International News

စားနပ်ရိက္ခာဖူလုံမှုအချိုးကို ၄၅ ရာခိုင်နှုန်းရှိစေရေး ဂျပန်အစိုးရ၏ ကြိုးပမ်းမှုမှာ အလှမ်းကွာဝေးလျက်ရှိ

Last Updated:

၂၀၂၃ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံ၏ ကယ်လိုရီအခြေပြု စားနပ်ရိက္ခာဖူလုံမှုအချိုးမှာ ၃၈ ရာခိုင်နှုန်းရှိခဲ့ပြီး ၃ နှစ်ဆက်တိုက် ပြောင်းလဲခဲ့မှု မရှိခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ အဆိုပါ သတင်းတွင် ဂျပန်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုအချိုးမှာ ၁၀ နှစ်ကျော်ကြာ နည်းပါးလျက် ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုအချိုးကို ၂၀၃၀ ပြည့်နှစ်တွင် ၄၅ ရာခိုင်နှုန်းသို့ ရောက်ရှိစေရေးအတွက် ဂျပန်အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစတင်၍ ရည်မှန်းဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်းဂျုံထုတ်လုပ်မှုမှာ ၂၀၂၂ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ စားနပ်ရိက္ခာဖူလုံမှုအချိုးကို မြင့်တက်စေရေး အထောက်အပံ့ဖြစ်စေခဲ့ကြောင်း၊သို့သော် ဟော့ကိုင်းဒိုးရှိ ကြံစိုက်ခင်းများတွင် ပိုးမွှားကျရောက်ခဲ့မှုကြောင့် သကြား ထုတ်လုပ်မှုမှာ ၃၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ် မေလတွင် ပြင်ဆင်ထုတ်ပြန်ခဲ့သည့် Basic Law on Food, Agriculture and Rural Area တွင် ပြည်တွင်းစားသောက်ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးနှင့် စားနပ်ရိက္ခာဖူလုံမှု မြှင့်တင်နိုင်ရေးအတွက် မူဝါဒများ ချမှတ်ခဲ့ကြောင်း၊ အနောက်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဂျပန် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုအချိုးမှာ သိသိသာသာနည်းပါးလျက် ရှိကြောင်း၊ အမေရိကန်နိုင်ငံ၊ ပြင်သစ်နိုင်ငံနှင့် အီတလီနိုင်ငံတို့၏ စားနပ်ရိက္ခာဖူလုံမှုအချိုးများမှာ ၁၀၄ ရာခိုင်နှုန်း၊ ၁၂၁ ရာခိုင် နှုန်းနှင့် ၅၅ ရာခိုင်နှုန်း အသီးသီး ရှိကြကြောင်း၊ ပြောင်းအပါအဝင် ကောက်ပဲသီးနှံများ၏ တင်သွင်းစရိတ် ကျဆင်းခဲ့ခြင်းကြောင့် ၂၀၂၃ ဘဏ္ဍာနှစ်တွင် ထုတ်လုပ်မှုတန်ဖိုးအပေါ် အခြေခံ သည့် ဂျပန်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုအချိုးမှာ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထား ပါသည်။

 

Source: The Asahi Shimbun (၁၀-၉-၂၀၂၄)  

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Category: International News