International News

အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်၏ အတိုးနှုန်းလျှော့ချလိုက်မှုကြောင့် တောင်ကိုရီးယားနိုင်ငံ ဗဟိုဘဏ်ကလည်း ပြည်တွင်းအတိုးနှုန်းကို လျှော့ချသွားဖွယ်ရှိနိုင်သည်ဟု မျှော်လင့်လာကြ

Last Updated:

အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်သည်  ၁၉-၉-၂၀၂၄ ရက်နေ့မှစ၍ ပြည်တွင်း အတိုး နှုန်းကို လက်ရှိသတ်မှတ်ထားသည့်နှုန်းထား (၅.၀ မှ ၅.၂၅ ရာခိုင်နှုန်း) မှ  ၄.၇၅ မှ ၅.၀၀ ရာခိုင် နှုန်းအထိ  ၀.၅ ရာခိုင်နှုန်း လျှော့ချသတ်မှတ်ကြောင်း ပြဌာန်းခဲ့ပါသည်။ ယင်းသို့ အတိုးနှုန်းလျှော့ချ ခြင်းသည် ၄ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အတိုးနှုန်းလျှော့ချခြင်းဖြစ်သည့်အ ပြင် ပြည်သူများမျှော်လင့်ထားသည့် နှုန်းထားထက် ပိုမိုလျှော့ချပေးခြင်းဖြစ်ပါသည်။

ယင်းသို့ အတိုးနှုန်းလျှော့ချလိုက်မှုကြောင့် တောင်ကို ရီးယားဗဟိုဘဏ် (The Bank of Korea- BOK) ကလည်း ပြည်တွင်းအတိုးနှုန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် လျှော့ချသွား နိုင်ဖွယ်ရှိသည်ဟု မျှော်လင့်နေကြပါသည်။ စားသုံးသူဈေးဆညွှန်းကိန်း (Consumer Price Index- CPI) အပေါ်အခြေခံတွက် ချက်ထားသော ငွေကြေးဖောင်းပွနှုန်း (Headline Inflation) သည် လွန် ခဲ့သည့် ၂ လအတွင်းက ၂ ရာခိုင်နှုန်း (နိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းကို ၂ ရာခိုင်နှုန်း အထိလျှော့ချ ရန် BOK က ရည်မှန်းချက်ထားဆောင်ရွက်နေပါသည်) အထိ ရောက် ရှိကျဆင်းခဲ့ခြင်း၊ အမေရိကန် ဒေါ်လာနှင့် တောင်ကိုရီးယား ဝမ်ငွေလဲလှယ်နှုန်းသည်လည်း တည်ငြိမ်နေခြင်းနှင့် ပို့ကုန်တိုးမြင့် တင်ပို့နိုင်မှုကြောင့် စီးပွားရေးတည်ငြိမ်နေခြင်း စသည့်အချက်များသည် အတိုးနှုန်းလျှော့ချပေးနိုင် ရေးအတွက် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ကြခြင်းဖြစ်ပါသည်။

ထို့ပြင် ပြည်တွင်းနေ အိမ်ထောင်စုများ၏ ကြွေးမြီများ (Household Debt) နှင့်  အိမ်ခြံမြေ စျေးနှုန်းများသည် အတိုးနှုန်းလျှော့ချရေးအတွက် စဉ်းစားရာတွင်အဓိကကျနေပါကြောင်း၊ House- hold Debt များ လျှင်မြန်သောနှုန်းဖြင့် မြင့်မားနေမှုသည် မူဝါဒပိုင်းဆိုင်ရာ အကြီးမားဆုံး စိုးရိမ်စ ရာဖြစ်နေပါကြောင်း၊ သို့ဖြစ်၍ Household debt များ ထပ်မံမြင့်မားမလာစေရေး ထိန်းချုပ်ရန် လိုအပ်သည့်အတွက် အစိုးရသည် ဘဏ္ဍာရေးစနစ်တစ်ခုလုံး၏ ကျန်းမာရေးကို ကာကွယ်နိုင်မည့် မူဝါဒများ (Macroprudential Policy Tools) ရေးဆွဲထားပါကြောင်း၊ အဆိုပါ Macroprudential Policy Tools များတွင် Stress Debt Service Ratio (DSR) Measures (ငွေချေးသူ၏ နှစ်စဉ် ဝင် ငွေနှင့် နှိုင်းယှဉ်ပါက ပေးချေရမည့်ငွေရင်းနှင့် အတိုးပမာဏကိုတွက်ချက်ရာတွင် အပိုဖိစီးမှုအချက် တစ်ခုကိုပါ ထပ်လောင်းတွက်ချက်ထားသည့် စီမံဆောင်ရွက်မှုများ) လည်း ပါဝင်ပါကြောင်း၊ သို့မှ သာလျှင် အများဆုံးချေးယူနိုင်မည့်ပမာဏကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း ဘဏ်လုပ်ငန်းကဏ္ဍ မှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

 

https://www.koreatimes.co.kr/www/biz/2024/09/175_382707.html

ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့။

 

 

 

 

 

 

 

 

 

 

Category: International News