International News

အိန္ဒိယအစိုးရက ဘာစမာတီမဟုတ်သော ဆန်အား ပြည်ပသို့ တင်ပို့ရောင်းချမှုတားမြစ်ချက်ကို ရုတ်သိမ်းရန် စဉ်းစားလျက်ရှိ

Last Updated:

ဘာစမာတီမဟုတ်သော ဆန်မျိုးကွဲအချို့အား တင်ပို့ရောင်းချမှု တားမြစ်ချက်ကို အစိုးရက ရုတ်သိမ်းရန် စဉ်းစားနေကြောင်း အစားအစာနှင့် ဖြန့်ဖြူးရေးဌာန၊ အတွင်းဝန်ဖြစ်သူ Sanjeev Chopra က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။

Chopra  က ဈေးကွက်အတွင်း ဆန်လိုအပ်ချက်နှင့် သိုလှောင်ထားရှိနိုင်မှုအခြေအနေများ အပေါ်တွင်မူတည်၍ သင့်လျှော်သည့်အစီအစဉ်များကို ချမှတ်ဆောင်ရွက်သွားမည်ဟု  သတင်း ထောက်များအား ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရသည် ပြည်တွင်းစားသုံးမှုဖူလုံ‌မှုရှိစေရေးအတွက် ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုအား ၂၀၂၃ ခုနှစ်၊  ဇူလိုင်လ ၂၀ ရက်မှစတင်၍ တားမြစ်ခဲ့သည့်အပြင်   ပေါင်းဆန် အပေါ် ပို့ကုန်ခွန် ၂၀ ရာခိုင်နှုန်းကိုလည်း ရက်အကန့်အသတ်မရှိ တိုးမြှင့်ထားသည်။

အစားအစာနှင့် ဖြန့်ဖြူးရေးဌာနအတွင်းဝန်က အစိုးရသိုလှောင်ရုံများတွင် ဆန်အလုံလောက် သိုလှောင်ထားရှိကြောင်းနှင့် လက်လီဈေးနှုန်းများကို ထိန်းချုပ်ထားနိုင်ကြောင်း ပြောကြားထား သည်။

အိန္ဒိယနိုင်ငံသည် လက်ရှိတွင် ကမ္ဘာဆန်းဈေးကွက်၌ အများဆုံးတင်ပို့ရောင်းချသူဖြစ်ပြီး ၎င်း၏ ဘာစမာတီမဟုတ်သည့်ဆန်ဖြူအမျိုးအစားများအား တင်ပို့မှုကန့်သတ်ခြင်း၊ ဖြေလျော့ပေး ခြင်းများသည် ကမ္ဘာ့ဆန်ဈေးကွက်ကို သက်ရောက်မှုများရှိနိုင်သဖြင့် လေ့လာစောင့်ကြည့်သင့်ပါ ကြောင်း တင်ပြအပ်ပါသည်။

 

Source: Govt mulling lifting ban on non-basmati rice export: Food Secretary, The Economic Times, 18 September 2024.

စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: International News